Unicode
"jungkookကဒီနေ့ရော ကျောင်းမရောက်ပြန်ဘူး။ ဒီကောင်ကတော့...တစ်ကယ် ဟင်း..."
Jiminကပြောရင်း သက်ပြင်းချပေမဲ့ taehyungကဘာမှမပြောပဲ ငြိမ်နေသည်။
သူတို့ကအတန်းချိန်ပြီးပြီမို့ ဆိုင်ထိုင်နေကြတာဖြစ်၏။ Jungkookကတော့ အတန်းချိန်မှာရောက်မလာခဲ့သလို သူတို့ကိုလည်းအကျိုးအကြောင်းဘာမှမပြော။ မေဂျာတူသူတို့သုံးယောက်ရဲ့ အတန်းချိန်တွေကအကုန်အတူတူပင်။jungkookကuniစတက်ပြီးတည်းက ရည်းစားတွေထည်လဲတွဲနေခဲ့တာဖြစ်သလို အတန်းချိန်တောင်မမှန်။
သို့ပေမဲ့ထက်လွန်းတဲ့ညဏ်ကြောင့်တော်သေးတယ်ပြောရမည်။
အတန်းချိန်တော်တော်များပျက်နေတတ်ပေမဲ့ စာဘက်တော့အားနည်းမသွား။ စာမေးပွဲတွေဖြေတိုင်း အမှတ်ရသူတို့နဲ့တန်းတူ၊ ဒါမှမဟုတ်ပိုတောင်များနေတတ်သေးသည်။ထိုအချိန်ဆိုင်ဝန်ထမ်းကောင်လေးကမှာထားတဲ့ စားစရာတွေလာချပေးတာကြောင့်နှစ်ယောက်လုံးရဲ့အကြည့်တွေက ထိုဆီရောက်သွားခဲ့သည်။
jiminကထယ်ရဲ့ပုံမှန်စားတတ်တဲ့ပဲခေါက်ဆွဲကိုသေချာ ပြင်ဆင်ပေးကာတူကိုပါအဆင်သင့်လုပ်ပေးပြီးမှ ထယ့်ဆီပန်းကန်ကိုဖြည်းဖြည်းတွန်းပေးလိုက်သည်။"ထယ် ဗိုက်ဆာနေပြီမလား... စားတော့လေ"
"အင်း minieမင်းရောစားလေ"
ထယ်ကပြောပြီး တူကိုလှမ်းလိုက်လျှင်ပဲအနားမှဖုန်းမှ massageသံကမြည်သွားခဲ့သည်။ တူဆီလှမ်းနေသောလက်တွေက လေထဲမှာပင်ရပ်တန့်သွားကာဦးတည်ရာပြောင်းပြီး ဖုန်းဆီရောက်သွားခဲ့၏။
တစ်ဖက်မှာလည်း စားဖို့လုပ်နေတဲ့jiminမှာမစားတော့ပဲ ထယ့်ကိုသာကြည့်နေခဲ့သည်။ထယ်ကဖုန်းထဲကmsgကိုrpပြန်နေတာဖြစ်မည်။ လက်ချောင်းသွယ်သွယ်လေးတွေက ဖုန်းကိုဆုတ်ကိုင်ထားသလို လက်မလှလှလေးကဖုန်းစခရင်ပေါ်ပြေးလွှားလို့။ ထိုမှာပဲအာရုံစိုက်နေတဲ့ထယ်က အစားတွေဆီအာရုံမရှိတော့သလိုjiminမှာလည်းထယ့်ကိုသာအာရုံစိုက်နေသည်။ သူတို့ထိုမုန့်တွေကိုစားဖြစ်တော့မည်မဟုတ်တော့။
ခဏအကြာဖုန်းမှအကြည့်ခွာပြီး ထယ်ကစကားဆိုလာသည်။
YOU ARE READING
Purple Dream [Complete]
Fanfictionအချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်နည်း.....။ JJK&KTH&PJM