Unicode
taehyungနှင့်jiminတို့ ကျောပိုးအိပ်လေးကိုယ်စီလွယ်ရင်း သူတို့စာသန်ခန်လေးရှိရာသို့ ရယ်မောပျော်ရွှင်စွာဝင်လာခဲ့ကြသည်။ taehyung၏ လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေကို jiminရဲ့ချစ်စရာလက်ချောင်းဖောင်းဖောင်းတိုတိုလေးတွေဖြင့် ဆုတ်ကိုင်ထားပြီး... ထိုဆုပ်ကိုင်ထားတဲ့လက်လေးတွေကိုလှုပ်ရမ်း၍ဝင်လာကြပုံက သူတို့သူငယ်ချင်လေးနှစ်ယောက်မည်မျှချစ်ကြကြောင်းကို မြင်သူတိုင်းသိနိုင်သည်။
taehyungမှာjiminလက်ကိုကိုင်၍ စနောက်ပြီးမိမိတို့ထိုင်ရာဆီ လျှောက်နေချိန်တစ်စုံတစ်ယောက်စိုက်ကြည့်နေသလိုခံစားရတာကြောင့် အတန်းကိုပတ်လည်တစ်ချက်ကြည့်လိုက်သည်။
ထိုအခါအတန်း၏ နောက်ဆုံးခုံတွင် တစ်ယောက်တည်းထိုင်၍သူတို့ကို မျက်လုံးဝိုင်းကြီးတွေစိုက်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်။
ဘာလဲ... ကျောင်းသားသစ်လား။"ဘာလဲထယ်ထယ်..."
minieကသူကြည့်ရာကို လိုက်ကြည့်ပြီးမေးလာသည်ကြောင့်ခေါင်းခါမိသည်။
"ဟင့်အင်း ဘာမှမဟုတ်ပါဘူး။ ထိုင်ရအောင်minie"
သူတို့ထိုင်ရာမှာဝင်ထိုင်လိုက်ပြီး ခဏအကြာအတန်းပိုင်ဆရာမဝင်လာသည်။
ထို့နောက်ကျောင်းသားသစ်ရောက်ကြောင်းနှင့် ချစ်ချစ်ခင်ခင်နေကြဖို့ပြောလာခဲ့ပြီး နာမည်ပါတစ်ခါတည်းမိတ်ဆက်ခဲ့တာကြောင့် ထိုမျက်လုံးဝိုင်းဝိုင်းနှင့်ကောင်လေးနှာမည်ကို Jeon Jungkookမှန်းသိရသည်။အတန်းပိုင်ဆရာမပြန်ထွက်သွားတော့ဘာသာသင်ဆရာမတွေက ကိုယ်စီသက်ဆိုင်ရာဘာသာများအားလာသင်ကြသည်။ ဆရာမတွေစာနေတုန်း taehyungလေးစိတ်ဝင်စားစွာဖြင့် နောက်မှ မျက်လုံးဝိုင်းလေးဆီလှည့်ကြည့်နေမိသည်။
သူလှည့်ကြည့်လိုက်တိုင်း ဆရာမသင်နေတာကိုဂရုစိုက်မစိုက်ပဲ စာအုပ်တစ်အုပ်နှင့်ဘာတွေခြစ်နေသည်မသိ။
နောက်ဆုံးမုန့်စားဆင်းချိန်ရောက်တော့ မနေနိုင်စွာထိုကောင်လေးဆီသွားမိတော့သည်။
သူသွားတိုင်းအမြဲလိုပါတဲ့ minieလည်းဘေးနားတွင်ပါလာခဲ့သည်။"Hi Jeon Jungkook"
မုန့်စားဆင်းချိန်ခုံပေါ်မှောက်အိပ်နေသော ထိုကောင်လေးကိုtaehyungလေးနူတ်ဆက်လိုက်သည်။ taehyungအသံကြောင့် ခေါင်းထောင်လာကာ မျက်လုံးဝိုင်းကြီးတွေနဲ့စိုက်ကြည့်လာလျှင် taehyungဟီးခနဲ့ သွားတွေဖြဲကာရယ်ပြပြီး မျက်နှာချိုးသွင်းလိုက်သည်။
YOU ARE READING
Purple Dream [Complete]
Fanfictionအချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်နည်း.....။ JJK&KTH&PJM