Unicode
Jiminမှာအဝတ်အစားများအားအသင့်အတင့်ကြည့်ကောင်းအောင်ဝတ်ကာ အောက်ထပ်သို့ခပ်သုတ်သုတ်ဆင်းလာလျှင် Mr's Parkကလှမ်းခေါ်၏။
ထို့ကြောင့်အပြင်သို့ ဦးတည်နေသောjiminခြေလှမ်းတွေမှာရပ်သွားခဲ့ရသည်။"သား..."
Mr's Parkနဲ့Hanaကဧည့်ခန်းထဲသစ်သီးများစားရင်း တီဗွီထိုင်ကြည့်နေကြခြင်းဖြစ်သည်။ Mr's Parkလှမ်းခေါ်လိုက်တော့ hanaရဲ့အကြည့်တွေကလည်း ကားသော့ကိုင်ကာရပ်နေသောjiminဆီရောက်လာခဲ့သည်။
"ဘယ်ကိုသွားမှာလဲသား... ထပ်ပြီးtaehyungကိုသွားရှာမလို့လား။ ဘယ်နှစ်ရက်တောင်ရှိပြီလဲ... သားလည်းနားလည်သင့်ပြီလို့မေမေထင်တယ်။ ခိုးပြေးသွားကြတဲ့သူတို့ကိုဘာလို့ရှာနေသေးတာလဲ အခုလိုရှာနေတာ ရူးရာမကျဘူးလား... မေမေ သားကိုအခုလိုမြင်ရတာတစ်ကယ်စိတ်ပျက်မိတယ်"
Mr's Parkစကားကြောင့်jiminမျက်နှာညိုးကျသွားသည်။ သူ့ရင်ဘတ်ထဲလည်းလေးလံလာ၏။ ကြည့်နေသောအမေဖြစ်ကိုအင်းအားလျော့စွာကြည့်ရင်း jiminခပ်တိုးတိုးပြောမိသည်။
"စိတ်ပျက်စေခဲ့မိလို့တောင်းပန်ပါတယ်မေမေ။ ကျွန်တော်ထယ့်ကို သွားတွေ့မလို့ပါ"
မေမေကထယ်ပြန်ရောက်နေပြီးလားဟူ၍မမေးပေမဲ့ သူ့စကားကြောင့်မော့ကြည့်လာ၍သူဆက်ပြီးပြောပြမိသည်။
"ထယ်ပြန်ရောက်နေပြီမေမေ... ဒီမနက်ကပဲပြန်ရောက်တာ။ ကျွန်တော့်ကိုဖုန်းဆက်လို့ "
ထယ်မနက်က အိမ်ပြန်ရောက်နေပြီဆိုပြီးဖုန်းဆက်လာသည်။ miss callတွေကြောင့် သူ့အားစိတ်မပူဖို့နဲ့အဆင်ပြေကြောင်းလည်းပြောသွားသေး၏။ အဆင်ပြေကြောင်းပြောသွားသည့်တိုင် သူ့မှာစိတ်ပူနေတုန်းပင်။
သူ့ပြောပြလိုက်ပေမဲ့ မေမေကနူတ်ဆိတ်မြဲနူတ်တိတ်နေသည်ကြောင့် သူရိုသေစွာပင်သွားဖို့ခွင့်တောင်းလိုက်သည်။
မေမေကသွားခွင့်မပြုရင်တောင် သူထယ့်ဆီကိုရောက်အောင်သွားရမည်။ ထယ့်ဆီကသူလိုချင်တဲ့အဖြေကိုကြားချင်သည်ကြောင့် အခုသူသေချာပေါက်သွားရမည်ပင်။"ကျွန်တော့်ကိုသွားခွင့်ပြုပါအုံးမေမေ"
ကားမောင်းနေမိရင်းသူ့အတွေးတွေက ကာလာစုံဖြင့်အရောင်အသွေးမျိုးစုံဖြတ်ပြေးနေသည်။ တစ်ပတ်ကျော်ကျော်အထိမတွေ့ရသေးသော ထယ့်ကိုတွေ့ရမှာပျော်သလိုလို၊ ရင်နာသလိုလိုဖြင့်....။
ခံစားချက်တို့ ရောပြွန်းနေသည်။
YOU ARE READING
Purple Dream [Complete]
Fanfictionအချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်နည်း.....။ JJK&KTH&PJM