အရောင်နုနုအတ္တဖြင့်သာ

1.7K 163 22
                                    

Unicode

Taehyungအမြန်ပင်ရေချိုးပြင်ဆင် ပြီးအနွေးထည်ထူထူဝတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
အိမ်အကူတွေ ခေါ်မထားတဲ့မေမေကထမင်းစားခန်းထဲမှာ စားသောက်ဖို့ကိုတစ်ယောက်တည်းပြင်ဆင်နေ၏။

ဖေဖေကလည်း မနက်တည်းကခရီးထွက်သွားသည်ကြောင့် ရှိမနေ၍တော်တော့သည်။
ဖေဖေသာရှိနေလျှင် ညဖက်အပြင်ထွက်ဖို့ကအဆင်ပြေမှာမဟုတ်။
သူ့ကိုတစ်ခြားအရာများတွင်အလိုလိုက်အကြိုက်ဆောင်ပေးသောဖေဖေက ကားမောင်းခြင်းနှင့် ညဖက်အပြင်သွားခြင်းကိုတော့ခွင့်မပြုထားပါ။
ဖေဖေမရှိသည်က အခုချိန်သူ့အတွက်မဟာအခွင့်အရေးတစ်ခုအလားပင်။

"မေမေ"

သူမေမေ့ကို ခေါ်လိုက်တော့ ဟင်းအိုးတည်လက်စမေမေက သူ့ဖက်လှည့်ကြည့်လာသည်။ အပြင်သွားဖို့အကျီထူထူဝတ်လို့ပြင်ဆင်ထားတဲ့ သူပုံစံကိုကြည့်ပြီးမေမေက မျက်မှောင်ကြူတ်၏။

"အပြင်သွားမလို့လားသားငယ်... မှောင်နေပြီကိုဘယ်ကိုသွားမှာလဲ။ သားဖေဖေကညဖက်အပြင်မထွက်ရဘူးမှာထားတယ်မလား...
ဖေဖေမရှိဘူးဆိုပြီး အပြင်ထွက်ဖို့ကြံနေ‌တာပေါ့လေ ဒီကလေးကတော့"

ထိုအခါ သူမေမေ့ကိုမျက်နှာချိုသွေးလို့ သွားလေးဖြဲပြလိုက်ရသည်။
သို့ပေမဲ့ ခေါင်းတွေကတရိတ်တရိတ်တက်လို့ မူး‌ဝေနေခဲ့ပြီး ကိုယ်တွေလည်းရေချိုးလိုက်ပြီးတည်းက ပူရှိန်နေခဲ့တာမျက်ခမ်းတွေကပါပူစပ်စပ်။
အဖျားတွေတက်နေတာဖြစ်မည်။
အခုချိန်နီမြန်းနေမဲ့မျက်နှာကို မေမေသတိမထားမိအောင် အတင်းပြုံးနေရ၏။

"မေမေကလည်း တစ်ခါပဲလေနော်...
သူငယ်ချင်းမွေးနေ့ဆိုတော့ ကျွန်တော်တို့မသွားရင်မကောင်းဘူးလေ...
အခုသွားမှာကလည်းဂျွန်တို့ မင်းနီတို့နဲ့ပါပဲ။
ဖေဖေလည်းမရှိတော့ မေမေပဲခွင့်ပေးလိုက်ပါလားဟင်... ကျွန်တော်တို့ကသိပ်မကြပါဘူး မျက်နှာပြရုံ ခဏလေးပါပဲ..."

"သားjiminတို့နှင့်သွားမှာဆို ဘာလို့လာမ ခေါ်ကြတုန်းသားငယ်...
သားjiminကလာခေါ်နေကျမလား...
မေမေ့ကိုလိမ်နေတာများလား"

Purple Dream [Complete] Where stories live. Discover now