Unicode
Jungkookမှာjiminပြောလိုက်သည့် စကားများကြောင့် စိတ်ထဲအလိုမကျ။
ဘာလုပ်လုပ်အဆင်မပြေပဲ စိတ်ထဲရူပ်ထွေး
နောက်ကျိနေခဲ့သည်မှာ သုံးရက်တောင်ရှိနေခဲ့ပြီ။ ထိုရက်တွေအတွင်း ယောင်းဆီကိုလည်းမသွားဖြစ်သလို ဘာကိုမှအာရုံမစိုက်နိုင်တာကြောင့် ဘာတစ်ခုမှမလုပ်ဖြစ်။
ကျောင်းလည်းမသွား၊ ကလပ်လည်းမသွား၊ဘယ်မှသွားပဲ အခန်းထဲအောင်း၍တစ်ယောက်တည်းသာနေမိသည်။နားထဲစကားလုံးတစ်ချို့ကိုသာ ထပ်တစ်လဲလဲပြန်ကြားနေရ၏။
ထိုစကားသံများပျောက်လိုပျောက်ငှား စီးကရက်၊ဘီယာ၊ ဝီစကီအကုန်သောက်နေခဲ့ပေမဲ့ ထိုစကားသံများကပျောက်မသွားခဲ့။
ထိုအရာများကလည်း သူ့ကိုထိုစကားသံများကြားကရုန်ထွက်နိုင်အောင် အကူအညီမပေးနိုင်ခဲ့ကြသည်ကြောင့် အလိုမကျစွာဒေါသတွေသာထွက်လာရသည်။"ထယ့်ရင်ထဲက မင်းဆိုတာကို ငါ့ရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ရအောင်ဆွဲထုတ်ပြမယ်..."
"သံယောဇဉ်ရှိပြီးသား လူနှစ်ယောက်ကတစ်ဆင့်တိုးပြီး ချစ်သွားဖို့ဆိုတာလွယ်လွယ်လေးပဲ"
"တောက်! "
"ခွမ်း!!!!
တောက်ခေါက်သံပြင်းပြင်းနဲ့အတူ နံရံပေါ်အားပြင်းပြင်းနှင့်ရိုက်ခတ်သွားသံနှစ်ခုက တိတ်ဆိတ်နေတဲ့အခန်းထဲ ကျယ်လောင်စွာထွက်လာခဲ့သည်။
Jungkookလက်ထဲမှဝီစကီသောက်နေသောဖန်ခွက်လေးမှာ နံရံနဲ့မိတ်ဆက်ပြီးကြေမွကာအပိုင်းအစလေးတွေအဖြစ်သို့ရောက်သွားခဲ့လေသည်။ကိုယ့်ကိုယ်ကိုယ်ဘာဖြစ်လို့ဖြစ်နေမှန်းပင်နားမလည်နိုင်။ သူစိတ်တွေရူပ်နေပြီး အလိုမကျဖြစ်နေတာပဲ သိသည်။ ဘာကြောင့်လဲဆိုတာလည်း သေချာမသိ။
နားထဲ ထပ်တစ်လဲလဲကြားနေရသောjiminစကားများကြောင့်လား ဟုတွေးမိပါလျှင်လည်း သူမှယောင်းကိုမချစ်တာ။
ဒါဆို ဘာကြောင့်အခုလိုတွေဖြစ်နေခဲ့သည်လဲ။ဘာကြောင့်လဲဟု အဖြေရှာရင်းစိတ်တွေရူပ်ထွေးလာရပြန်သည်။
သို့ပေမဲ့ jiminပြောခဲ့တဲ့စကားတွေကိုပြန်တွေးမိတိုင်း ရင်ထဲတင်းကျပ်နေတာကတော့အမှန်ပင်။
ရင်ထဲတင်းကျပ်ကျပ်ခံစားချက်ကိုသာ သက်သေလုပ်ပြီးတရားခံရှာလျှင် သူအလိုမကျဖြစ်နေသည်က jimin ယောင်းကိုချစ်ကြောင်းဖွင့်ပြောလိုက်မှာဖြစ်သည်ဟုပင် အဖြေထွက်လာခဲ့၏။
ထို့ကြောင့် စိတ်ထဲပို၍ပင်မလိုမကျဖြစ်လာခဲ့ရသည်။ မသိစိတ်၏တစ်ထောင့်တစ်နေရာတွင်လည်း ကြောက်စိတ်တစ်ချို့ကနေရာယူနေပြန်သည်။
YOU ARE READING
Purple Dream [Complete]
Fanfictionအချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်နည်း.....။ JJK&KTH&PJM