Unicode
အိပ်ခန်းဆိုဖာပေါ် ကျောမှီကာလျော့တိလျော့ရဲဖြင့် ထိုင်နေသောtaehyungမှာညမီးရောင်အောက်တွင် နို့နှစ်ရောင်အနွေးထည်လေးဖြင့် ရှင်းသန့်လိုက်ဖက်စွာ။
လက်ချောင်းသွယ်သွယ်လေးတွေက သံစူးသေးသေးကိုကိုင်ကာ လိုသလိုလူပ်ရှားနေပုံက အနုပညာဆန်နေသလိုပင်။
လဲ့နေတဲ့မျက်လုံးလေးများဟာလည်း လက်ချောင်းလေးတွေက ကျွမ်းကျင်စွာကိုင်တွယ်ထားသော ထိုသံချောင်းလေးဆီမှာသာစူးရဲနေသလို နီဆွေးဆွေးနူတ်ခမ်းလေးများကိုလည်းမထိတစ်ထိဖိပိတ်ထားသေး
သည်။ မည်သည့်ပြင်ဆင်လုပ်ယူမူမှ မပါသော taehyung၏ပတိပုံစံလေးကပင် နှစ်သက်ဖွယ်အတိပင်။Taehyungမှာအဖြူရောင်ချည်များဖြင့် လည်စည်းပုဝါလေးကိုသေသပ်စွာပုံဖော်နေခြင်းဖြစ်၏။
လူအများအတွက် ယောကျ်ားလေးတစ်ယောက်နှင့် အခုလိုအလုပ်မျိုးကကြည့်ရတာသိပ်အဆင်မပြေဖြစ်ရသည်မှာအမှန်ပင်။
သို့ပေမဲ့အခုလိုလုပ်နေတာအတွက် သူ့စိတ်ထဲရှက်သည့်စိတ်အနည်းမှမဖြစ်မိ။
အတတ်ပညာတစ်ခုတတ်တာက မိန်းကလေး၊ယောကျ်ားလေးခွဲခြားနေစရာမလိုပဲ ကိုယ်လုပ်နိုင်တဲ့အလုပ်အတွက်သာ ဂုဏ်ယူသင့်သည်ဟုခံယူထားခြင်းကြောင့်ပင်။
သူထိုင်နေသောဆိုဖာဘေးတွင်လည်း ခွေခေါက်ကာချထားသော အဖြူရောင်ဆင်တူလည်းစည်းပုဝါလေးနှစ်ခုကနေရာယူနေခဲ့ပြီဖြစ်သည်။
သူအားသည့်အချိန်တိုင်း ထိုလည်စည်းပုဝါများကိုထိုးနေခဲ့သည်မဟုတ်ပါလား။
အခုလက်ထဲထိုးလက်စ လည်စည်းသည်ပင်ပြီးလုလုနီးနီးရှိနေခဲ့ပြီ။"ဒေါက်ဒေါက်"
အခန်းတံခါးခေါက်သံကြောင့် taehyungရဲ့အကြည့်တွေက တံခါးဆီရောက်သွားခဲ့လျှင်...
"သားငယ်အိပ်နေပြီလား... မေမေဝင်လာခဲ့မယ်နော်"
"ဟုတ်ကဲ့ ဝင်ခဲ့လေမေမေ... ကျွန်တော်မအိပ်သေးပါဘူး"
အခန်းတံခါးဖွင့်ပြီး သူ့ဆီလျှောက်လာတဲ့မေမေက လက်ထဲတွင်လည်းဖန်ခွက်တစ်ခုယူလာခဲ့သည်။ နွားနို့ထည့်ထားသောဖန်ခွက်ဆိုပိုမှန်မည်ဖြစ်၏။ မေမေရောက်လာတာကြောင့် ဆိုဖာပေါ်ကျောမှီထိုင်နေရာမှ သေချာပြင်ကာထိုင်လိုက်သည်။
လူကြီးမိဘအပေါ်ရိုသေသင့်သည်ကအမှန်ပင်။ အနားကိုရောက်လာတဲ့မေမေက သူရဲ့ထိုးလက်စချည်များကို ကြည့်ပြီးပြုံးကာ သူ့အနားမှာဝင်ထိုင်သည်။
YOU ARE READING
Purple Dream [Complete]
Fanfictionအချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်နည်း.....။ JJK&KTH&PJM