Unicode
ဝန်ထမ်းကောင်လေးလာချပေးသော မှာထားသည့်စားစရာများ။ ပဲခေါက်ဆွဲနှစ်ပွဲ၊ပင်လယ်စာခေါက်ဆွဲတစ်ပွဲနှင့်ကော်လာသုံးဘူးပင်ဖြစ်၏။ ပဲခေါက်ဆွဲကjiminနဲ့taehyung အတွက်ဖြစ်ကာပင်လယ်စာခေါက်ဆွဲက ပဲခေါက်ဆွဲမကြိုက်တတ်သည့်jungkook အတွက်ဖြစ်သည်။ တစ်ယောက်အကြိုက်ကိုတစ်ယောက်သိကြတဲ့သူတွေမို့ ဘာကြိုက်လဲစောင့်မေးနေစရာမလို။ မရောက်လာသေးသောjungkook အတွက် ကြိုမှာထားကြခြင်းပင်။
သူတို့သုံးယောက်ထဲjiminနဲ့taehyungက
မူလတန်းအရွယ်တည်းကမိဘတွေရင်းနှီးတာကြောင့်သူငယ်ချင်းဖြစ်ခဲ့ကြပေမဲ့ jungkookနဲ့ကအလယ်တန်းရောက်မှသူငယ်ချင်းခြင်းတွေဖြစ်ခဲ့ကြခြင်းဖြစ်သည်။
အလယ်တန်းဒုတိယနှစ်မှာကျောင်းပြောင်းလာတဲ့ခပ်တည်တည်၊ခပ်ချေချေ jungkookကို taehyungကပဲစပြီးစကားပြောကာ သူငယ်ချင်းဖြစ်ခဲ့ကြခြင်းဖြစ်၏။
taehyungနှင့်သူငယ်ချင်းဖြစ်လျှင် taehyungနှင့်တစ်တွဲတွဲရှိသောjiminနှင့်လည်း အလိုလိုပင်သူငယ်ချင်းဖြစ်သွားရသည်ပင်။အလယ်တန်းမှUniversityအထိအတူရှိနေခဲ့ကြတဲ့သူတို့သုံးယောက်ရဲ့ Friendshipကတော်ရုံမဟုတ်ပဲမမြင်ရတဲ့သံယောဇဉ်ကြိုးတွေကအထက်ထပ်နှောင်ဖွဲ့ရစ်တွယ်ကာခိုင်မြဲလျက်ရှိနေခဲ့သည်။
ဖွဲ့နှောင်ခဲ့သည့်အဖြူရောင်ကြိုးတွေကအချိန်တစ်ခုအတွင်း အရောင်တွေပြောင်းလဲခဲ့ကာ သံယောဇဉ်မှချစ်ခြင်းမေတ္တာသို့ကူးခဲ့၏။ ချစ်ခြင်းဖွဲ့ကြိုးတွေကနှစ်ဖက်အပြန်အလှန်ဖွဲ့ထုံးခဲ့ခြင်းမရှိပါပဲ တစ်ပင်မှသည်နောက်ထပ်တစ်ပင်ကိုလည်းကောင်း၊ထိုတစ်ပင်မှနောင်ထပ်တစ်ပင်ကိုလည်းကောင်းဖွဲ့ထုံးခြင်းမှာသူတို့သုံးယောက်အတွက်အချစ်ခြင်းဝဒ်ကြွေးများဖြစ်နေခဲ့လေလား။အငွေ့တစ်ထောင်းထောင်းထနေသောခေါက်ဆွဲတို့မှစားချင့်စဖွယ်အနံလေးကသင်းပြန့်လို့။ မနက်စာကိုသေချာမစားတတ်တဲ့သူအကျင့်ကြောင့်ဗိုက်ကတော်တော်ဆာနေခဲ့ပြီဖြစ်သလို ထိုအနံကြောင့်လည်းဆာနေသောဗိုက်မှာတစ်ဂွီတစ်ဂွီမြည်လို့။
ဗိုက်ဆာနေပေမဲ့jiminieမသိအောင်ဟန်ဆောင်နေရသည်။ မဆာခံပြီးjeonကိုစောင့်နေတာကိုjiminieသိရင် သူ့ကိုစိုးရိမ်စွာဆူမှာကအလွဲဧကန်ပင်။
YOU ARE READING
Purple Dream [Complete]
Fanficအချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်နည်း.....။ JJK&KTH&PJM