Unicode
Naksan beach
အပြာရောင်လွှမ်းနေသော ကောင်းကင်ပြာပြာကြီးအောက် စိမ်းလဲ့နေသောရေပြင်ကျယ်ကသဘာဝဆန်စွာ လိုက်ဖက်လှပလွန်းနေခဲ့၏။ စိမ်းလဲ့ကြည်လင်နေသော ရေပြင်လွှာကို မငြိမ်မသက်ဖြစ်အောင်လူပ်ရှား လှုံ့ဆော်နေကြသော ရေလိူင်းလုံးများ။
သဲဖြူဖြူများရှိသော ကမ်းစပ်သို့လိူင်းလုံးများက လာရောက်ရိုက်ခပ်ကျီစယ်နေကလျှင် လိူင်းလုံးများ၏ရိုက်ခပ်မူကြောင့် ထိုသဲဖြူဖြူလေးများတစ်ချို့က ရေနဲ့အတူမျောပါသွားကြသည်။
ထိုသည်မှာလည်း ကမ်းခြေတို့၏အလှတရားတစ်ခုပင်ဖြစ်ခဲ့၏။Naksanကမ်းခြေမှာ ကိုးရီးယား၏ နာမည်ကြီးကမ်းခြေတစ်ခုဖြစ်သည်။ စိမ်းလဲ့နေသောရေများ၊ အဖြူရောင်သဲနုများဖြင့်ဖွဲ့စည်းတည်ရှိနေသလို ထင်းရှူးပင်များလည်း ပေါများသောကမ်းခြေတစ်ခုဖြစ်၏။
လတ်ဆတ်ဆတ်ပင်လယ်စာများကိုလည်း အရသာရှိစွာစားသုံးနိုင်သည်။
ထို့ကြောင့် ကမ်းခြေသို့အလည်လာရောက်သော မိသားစုများ၊စုံတွဲများ လည်းများ၏။ အခုဆောင်းရာသီဖြစ်နေတာကြောင့် နွေရာသီမှာလောက်အလည်လာရောက်သူတွေရှိမနေပေမဲ့ အသင့်အတင့်တော့ရှိနေခဲ့သည်။
YOU ARE READING
Purple Dream [Complete]
Fanfictionအချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်နည်း.....။ JJK&KTH&PJM