3

571 73 0
                                    

" သူငယ်ချင်း လုပ်ကြမယ်မလား"
အိမ်ပြန်ရောက်တဲ့အထိ အဲ့စကားက နားထဲကမထွက်
အိမ်မှာ သူ့ကို စောင့်နေတဲ့လူ ရှိ မရှိ စိတ်မဝင်စားနိုင်
ပတ်ဆောင်ဟွန်းက သူ့ကို သူငယ်ချင်းလုပ်ကြမည် တဲ့လေ

ငယ်သေးတဲ့အရွယ်ကတော့ အဖော်လိုချင်လွန်းလို့ သူတို့မပြောခင်ပင် ကိုယ်က သူငယ်ချင်းလုပ်ရန် ခ"ယ"ပြောခဲ့ဖူးသည်
ပိုက်ဆံအကြိုက်ရနေသော မိဘတွေဆီမှ ရသလောက်တောင်းပီး သူတို့ကို ဖို့ပေးခဲ့ဖူးသည်

အရွယ်နည်း" ရောက်လာတော့ သူငယ်ချင်းထားရန် စိတ်ကူးမရှိတော့
ကိုယ့်ကို စိတ်ရင်းနဲ့ ေပါင်းတဲ့လူထက် အပေါ်ယံတွေ ရှေ့တမျိုး ကွယ်ရာတမျိုးတွေ များလာ၍ ကင်မ်ဆောနူ ဘဝမှာ သူငယ်ချင်းမရှိတာ ကြာနေပီ

အခုရော ပတ်ဆောင်ဟွန်းဆိုတဲ့ လူသစ်ကို ယုံကြည်ရမလား
ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်း တယောက် အဖြစ်ရှိရန် လက်ခံလိုက်သင့်လား
ဒီနေ့မှ တွေ့လာတဲ့ လူတယောက်
သူငယ်ချင်းဖြစ်ချင်တယ်တဲ့
သူငယ်ချင်းလုပ်ရမလား မလုပ်ရဘူးလား

ပုံမှန်ဆိုရင် ကင်မ်ဆောနူတို့ ဒီကိစ္စကို ကျော်သွားလိုက်မှာပေမဲ့
ဒါမဲ့ ဘာကြောင့် ဘာကြောင့်များး
မတရားတွေ စဥ်းစားနေမိတာလဲ အဲ့အကြောင်းကို

အားး အိပ်မရတော့ဘူး

......................
......................

"ကင်မ်ဆောနူ " ဖေဖေဆိုတဲ့ လူရဲ့ ခေါ်သံကြားလိုက်ရသည်
"လာ မနက်စာလာထိုင်စား"

" အာ တော်ပါပီ ဖေဖေရယ် ဝအောင်စား
ရင်ပြည့်နေလို့
အော် ဒါနဲ့ ညက အိမ်ပြန်လာတယ်လား
ဟိုတယ်မှာ အင်းး အလုပ်တွေများလို့ အိမ်ပြန်မလာဘူးထင်တာ" ဆောနူပြောလိုက်မိတော့

"မင်း စကားကို ဆင်ခြင်ပြော
ပီးတော့ မနေ့က မင်းဆရာမ ဖုန်းဆက်တယ် ရန်ဖြစ်ပြန်ပီ ဆို ငါ အဲ့ကိစ္စတွေ ဘယ်အချိန်ထိလိုက်ရှင်းနေရဦးမှာလဲ ဟမ်
လူကဖြင့် အထက်တန်းနောက်ဆုံးနှစ် ဖြစ်နေပီ
ကိုယ့်ကိုကိုယ် အခုထိ မထိန်းကျောင်းနိုင်သေးဘူးလား"

"ဖေဖေရယ် အရေးမကြီးတဲ့ ကျွန်တော့်ကိစ္စကို ဂရုမစိုက်နေပါနဲ့
​​ေဖဖေ ဆေးဖိုးပေးလိုက်လို့ အဆင်ပြေသွားပီ မဟုတ်ဘူးလား
နောက်တခါ ဆရာမ ဖုန်းဆက်လာရင် ဘာအကြောင်းမှ နားထောင်မနေနဲ့ ဒီတိုင်း ပိုက်ဆံလိုသလောက်သာထုတ်ပေးလိုက်
အခု ဖေဖေ မတရားတွေ ရှာနေတဲ့ ပိုက်ဆံတွေက ကျွန်တော့်အတွက်ပဲ မဟုတ်ဘူးလား
သုံးရတာ တန်ပါတယ်
ဒါပဲ မဟုတ်လား သွားပီ " အကန်တွေ သာပြောပီး ကျောင်းသို့ထွက်လာခဲ့သည် လူက ညက အိပ်မရလို့ စိတ်ကသိပ်ကြည်တာမဟုတ်
....................
....................

𝐃𝐨𝐧'𝐭 𝐰𝐚𝐧𝐭 𝐭𝐨 𝗗𝗘𝗣𝗘𝗡𝗗 ( completed )Where stories live. Discover now