8

433 73 0
                                    

"ခဏ ခဏလေး
ငါ့ကို ခဏလွှတ် ဆေးဝင်ယူဦးမယ်လေ မင်းလက်က"

"ထားလိုက် ရတယ် အဲ့လောက်မဟုတ်ဘူး"
မျက်ခုံးတွေကို စုကျုံ့ပီး ပြန်ဖြေလာပုံက

ကိုယ်ကလည်း မယူ၍မရ သူ့လက်က ဒီလောက်ဖြစ်ပျက်နေတာကို

"ခဏပါပဲကွာ အခုလည်းကျောင်းဆေးခန်းရှေ့ရောက်နေတာပဲကို
ပီး မင်းသွားချင်တဲ့နေရာသွား  ငါလိုက်ခဲ့မယ်"

အဲ့တော့မှ လက်ကို ဖြည်း"ချင်းလွှတ်လာပေးသူ

လိုအပ်တဲ့ဆေးတွေယူပီး အခန်းထဲမှအထွက်

"အမယ်လေး"

ကင်မ်ဆောနူတ​ယောက် ပတ်ဆောင်ဟွန်းလက်ထဲ နောင်တခေါက်ပြန်ပါသွားလေသည်

သွေးဆိုးနေတဲ့ကောင်ခေါ်သွားသည့်နေရာက
ကျောင်းခေါင်းမိုးထပ်

..........

"မင်း ဘာလို့ ငြိမ်ခံနေရတာလဲ
မင်းကို ရန်မဖြစ်နဲ့လို့ ပြောထားပေမဲ့
ဒီလောက်ထိကွာ  ဒီလောက်ထိဆိုရင်တော့ မင်းထိန်းစရာမလိုဘူး လုပ်ချင်သလိုသာလုပ်ချလိုက်ရမှာ"
ကိုယ်က ထပြောမိတော့

"ငါလည်းငြိမ်မနေပါဘူး ငါက သည်းခံထားပေမဲ့ အတိုင်းအတာရှိပါတယ်
ငါကထတော့မလို့ကို မင်းပဲ ကမူးရူးထိုး ထသွားတာလေ
နှယောက်သား ထလုပ်ကြည့်ပါလား ဟိုကောင်သေမှာပေါ့ဟ"

နှုတ်ခမ်းခပ်ဆူ"နဲ့ ခပ်ဆောင့်"ပြောလာပုံက ချစ်စဖွယ်အတိ
မပြောင်းလဲသေးပါဘူး လူဆိုးလေးက သိပ်ပီး
ကိုယ်ကသာ သူ့အစား လူဆိုး ဝင်လုပ်ရတာ

"ဒါနဲ့ မင်းကို အန်တီကတော့ ဆူတော့မှာပဲ ရန်ဖြစ်လို့
ရုံးခန်းက မဖြစ်မနေခေါ်မှာပဲ"

"ကိစ္စမရှိဘူး ငါတို့မှန်ရင် အမေကတောင် ဟိုကောင့်ကို ဝိုင်းလုပ်ရင်တောင်လုပ်ပေးဦးမှာ

အား  ကင်မ်ဆောနူ စပ်တယ်ကွ
ဖြည်း"လုပ်ပါဟ"

"အရက်ပြန်ဟ မစပ်ဘဲနေမလား ထိုးတဲ့လူတောင်ဒီလောက်ဖြစ်နေတာ အထိုးခံရတဲ့ကောင်တော့ ထမင်းတောင်စားနိုင်ပါ့မလားပဲ
မင်းမတရားလုပ်ခဲ့တာ"

လက်ဆစ်က ပေါက်ပြဲနေတာကို ဆေးထည့်ပေးရင်း တဖူး"နဲ့ မှုတ်လာပေးသူ

ခေါင်းမိုးထပ်မို့ လေက တဖြူး"ဆိုတော့
ကိုယ့်မျက်စိရှေ့က အကောင်ငယ်လေးရဲ့ ခေါင်းလုံးလုံးလေးက ခပ်ပွပွ ဖြစ်လာလေသည်

ဘာမှမဖြစ်ထားတဲ့လက်တဖက်နဲ့ သပ်ပေးလိုက်တော့
ေမာ့ကြည့်လာသည့် အကောင်ငယ်

"ခေါင်းကို မထိနဲ့ဟ ကြားလား"

သူ့စကားက ကိုယ့်နားထဲ ဝင်မလာ
အခုကိုယ့်ခေါင်းထဲမှာရှိနေသည်က ခပ်စွာ"စကားကို ပြောနေဟန်တူသည့် နှုတ်ခမ်းဖူး"တစုံနဲ့ နေရောင်ပြေ"သက်ရောက်နေသည့် ခပ်မို့မို့ ပါးပြင်

လှတယ် အခုအခြေအနေက ဖြစ်ခဲ့တဲ့ကိစ္စမှန်သမျှကို မေ့ပျောက်သွားစေလောက်ထဲ့အထိ လှတယ်

ထိချင်တယ် အဲ့ နှုတ်ခမ်းလေးရော အဲ့ပါးပြင်လေးကိုရော
ငါထိလိုက်ရင်ရော.....

အတွေးထက်ပိုမြန်သွားမိသည်ထင်

ပါးပြင်ပေါ် လက်ဖဝါးနဲ့ ခပ်ဖွ"အုပ်ကိုင်ပီး
အရှေ့က သက်ရှိအရုပ်လေးစီ တဖြည်း"တိုးပီး
ကိုယ့်စိတ်အစုံကို လွှမ်းမိုးထားတဲ့ နှုတ်ခမ်းလေး
အဲ့နှုတ်ခမ်းလေးစီ

ကိုယ့်နှုတ်ခမ်းနဲ့ ထပ်တူကျမိတော့

အားးး ရင်ထဲ ဗြောင်းဆန်ကုန်ပီ
နူးညံ့မှု အဲ့နူးညံ့မှုနဲ့အတူ ချိုသည် ကင်မ်ဆောနူနှုတ်ခမ်းတွေက မတရားကို ချိုနေသည်
ငါ ငါ မခွာချင်တော့ဘူး ဘယ်လိုလုပ်ရမလဲ

12.12.21
#taesung

A/N: ရေးနိုင်တုန်းလေး ထတင်တာပါ တိုသွားပေမဲ့ မီယန်း TT~TT
အချိုအဆွိမရေးတတ်ပေမဲ့ ရေးတတ်သလောက်လေးကို ဖတ်ပီး ကလိ"ဖြစ်သွားရင် ကျေနပ်ပီ

𝐃𝐨𝐧'𝐭 𝐰𝐚𝐧𝐭 𝐭𝐨 𝗗𝗘𝗣𝗘𝗡𝗗 ( completed )Where stories live. Discover now