11

423 63 0
                                    

ဘေးတဝိုက်တွင် မိုးသံတွေ ကြားနေရပေမဲ့

မျက်နှာချင်းဆိုင် အနေအထားနဲ့ ရှိနေကြတဲ့ ကောင်လေး နှယောက်ကတော့ တိတ်ဆိတ်လျက်...

"ပတ်ဆောင်ဟွန်း မင်း.. မင်းက တကယ်မကောင်းတဲ့ ကောင်ပဲ
ငါ့ကို.... ငါ့ကို တဲွဲကြမလား ဆိုပီး စသလို နောက်သလိုလည်း လာပြောသေးတယ်

အဲ့တုန်းကဆို ငါ ဘယ်လောက်ဒုက္ခရောက်ရလဲ ဆိုတာ မင်းသိလား ဟမ်

မင်းက ဒီတိုင်း ပြောလိုက်တဲ့စကားကို အရေးတယူနဲ့ စဥ်းစားမိနေတဲ့ ကိုယ့်ကိုကိုယ် ဘယ်လောက် စိတ်တိုလိုက်ရလဲ ဟမ်

မင်းက အခု မှ လာပီး ဖွင့်ပြောနေတယ်"

အခုမှ ရင်ထဲက အလုံးကြီးကျသွားသလို

မျက်ရည်ကို မကျစေဘဲ တင်းခံရင်း သူပြောချင်တဲ့ စကားကို ပြောနေတဲ့ ကောင်လေးကို ကြည့်ရင်း စိတ်မကောင်းမိပေမဲ့
အခုလို ပြောနေသည်ကပဲ ပတ်ဆောင်ဟွန်း ဆိုတဲ့ ငါ့ကို ဒီကောင်လေးလည်း သဘောကျနေသည်ဆိုတာ ပိုသေချာလာသယောင်
အကျယ်ကြီး အော်ရယ်ပစ်ပီး ပျော်လိုက်ချင်ပေမဲ့ အရှေ့ကောင်လေးကို သူတကယ် ကြောက်ပါသည်
အော်.... ချစ်တာကိုနော်

"အဲ့အတွက် ငါတကယ်မစဥ်းစားခဲ့မိလို့ပါ
ငါလည်း တကယ် စိတ်လှုပ်ရှားနေလို့ အာ့ကြောင့် ငါမင်းကို အခု သေချာ ဖွင့်ပြောနေတာပါ"
ကိုယ့်အကြည့်တွေကို ရှောင်နေတဲ့ ကောင်ငယ်လေးရဲ့ မျက်ဝန်းတွေကို လိုက်ကြည့်ရင်း ဆိုမိတော့

မျက်ဝန်းညိုတွေက ဒီတခေါက်တော့ ကိုယ့်ကို မရှောင်တော့ဘဲ မှိုင်း"ညှို့"ဆိုလာသည့်စကားကြောင့်
ကိုယ့်ရဲ့ ရင်ဘတ်ပင် တချက်အောင့်သွားသလို ခံစားလိုက်ရလေသည်

"ငါ အားမနည်းချင်ဘူး...
အားနည်းတဲ့လူကို ပိုပီး အနိုင်ယူချင်ကြတာ လူတွေရဲ့ သဘာဝပဲ မဟူတ်ဘူးလား
အဲ့တော့ ငါအားမနည်းချင်ဘူး
ငါသာ...ငါသာ ယောကျ်ားလေးတယောက်နဲ့ တွဲမိခဲ့ရင် လူတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ
သူတို့မျက်စိထဲ ငါက ပိုပီးအားနည်းသွားမလား
ငါ... ငါများ လူတွေရဲ့ အနိုင်ယူတာကို ခံရတော့မှာလား ဆိုပီး အဲ့ရက်တွေတုန်းက ငါဘယ်လောက်မွန်းကျပ်ခဲ့ရလဲ

𝐃𝐨𝐧'𝐭 𝐰𝐚𝐧𝐭 𝐭𝐨 𝗗𝗘𝗣𝗘𝗡𝗗 ( completed )Where stories live. Discover now