"ကိုယ့်ကောင်လေးက စိတ်လှုပ်ရှားနေတာလား"
ကိုယ်က အမေးပြုမိတော့
ခေါင်းကို ခပ်လေး"တချက်ယမ်းပြပီး ပြုံးပြလာတဲ့ သက်ရှိ အရုပ်လေးကောင်ငယ်လေးရဲ့ အနည်းငယ်အေးနေတဲ့ လက်ကလေးကို ဆုပ်ကိုင်ပီး
"ကိုယ်ရှိနေတယ်လေ စိတ်ကိုလျှော့ထား "ဆောနူလေး အဆင်ပြေအောင်သာ ပြောလိုက်ရပေမဲ့
အခုချိန် ကိုယ့်ရင်ထဲမှာ လုံးဝကို ကဆုန်ပေါက်နေတာ
ကိုယ်ချစ်ရတဲ့ တဦးတည်းသောလေးရဲ့ အုပ်ထိန်းသူဆီ သွားခွင့်တောင်းရမှာလေပီးတော့ စိတ်ထဲမှာ သိပ်မရှိပေမဲ့ ကိုယ်တို့ရဲ့ ဆက်ဆံရေးကလည်း ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတခုဆိုတော့
သဘောများမတူခဲ့ရင်ဆိုတဲ့ စိတ်က အရမ်းလွှမ်းမိုးနေတယ်အာ... အဆင်ပြေသွားမှာပါ
အင်း...လူချမ်းသာတွေရဲ့ ဆိတ်ငြိမ်ရပ်ကွက်ထဲက
တခြားအိမ်တွေပဲလို သပ်"ရပ်"ရှိနေတဲ့ နှထပ်တိုက်ရဲ့ရှေ့လည်းအရောက်
ချလိုက်မိတဲ့ သက်ပြင်းက လေးလံစွာနဲ့"ဆောင်ဟွန်း.. ဆောင်ဟွန်း ငါ့ကိုကြည့် အဆင်ပြေမှာ
ဟုတ်ပီလား "ကလေးက ကိုယ့်ကို ပြန်ပီး ချော့မြူနေရတဲ့ပုံစံပေါက်နေပီ
စိတ်ကိုလျှော့ချပီး အစွယ်လေးတွေ ပေါ်တဲ့အထိ ပြန်ပြုံးပြလိုက်တော့"လာ အထဲဝင်ကြမယ် ဒီချိန် အိမ်မှာလူရှိတယ်" ပြောပီး ကိုယ့်ကို ဦးဆောင်ခေါ်သွားတဲ့ ချစ်စဖွယ်လေး
အိမ်ဝရောက်တော့ ဆောနူလေးရဲ့ အဖေက အပြင်သွားဖို့ ပြင်ဆင်နေတယ် ထင်တယ်
ဖိနပ်တောင်စီးနေပီ"ကင်မ်ဆောနူ... ငါအပြင်သွားစရာရှိတယ် မင်းအိမ်မှာရှိမယ်ဆို တံခါးမပိတ်ခိုင်းတော့ဘူး"
ဘေးနားက ကိုယ့်ကိုလည်းတချက်မှမကြည့်ဘဲ
သူ့ဦးတည်ရာသာ ပြောနေတဲ့ ဆောနူ ရဲ့အဖေကို တချက်တော့ အလိုမကျမိသယောင်"ကျွန်တော် ပြောစရာရှိလို့ ဖေဖေ ခဏလောက်နေပေးဦးမလား"
ထိုအချိန်ထွက်လာတဲ့ အသံငယ်လေးသည်စိတ်လှုပ်ရှားနေပေမဲ့ မတုန်လှုပ်ဘဲ တည်ငြိမ်စွာ ထွက်ပေါ်လာလေသည်
YOU ARE READING
𝐃𝐨𝐧'𝐭 𝐰𝐚𝐧𝐭 𝐭𝐨 𝗗𝗘𝗣𝗘𝗡𝗗 ( completed )
Kısa Hikaye"အားနည်းတဲ့လူကို ပိုပီး အနိုင်ယူချင်ကြတာ လူတွေရဲ့ သဘာဝပဲ မဟုတ်ဘူးလား " ပတ်ဆောင်ဟွန်း