အချစ် ဆိုတာက အဲ့လောက်ထိ လှပသည်လား ဆိုတာ သူမသိခဲ့
ဒါ သူ့အမှားလည်း မဟုတ်ပေ
ငယ်"တည်းထဲက အချစ်မှ မခံခဲ့ရဘဲဒါပေမဲ့ အခု ပတ်ဆောင်ဟွန်းဆီကနေ အစပြုလာတဲ့ အချစ်တွေက တော့ လှပနေပါသည်
အင်းးး..... သူမို့လို့ ပတ်ဆောင်ဟွန်းဆိုတဲ့ သူ့ကြောင့်မို့လို့ပဲ ဒီလို လှပနေနိုင်တာပဲအခုဆို သူတို့နှယောက် အထက်တန်းကျောင်းလည်း ပီးပီ
သူတို့နှယောက်ရဲ့ ဆက်ဆံရေးကတော့ တည်မြဲနေဆဲ
ဆောင်ဟွန်းတို့ဘက်ကတော့ သူတို့အကြောင်းသိပီး လက်ခံကြပေမဲ့
အခုထိ ဆောနူ အဖေ့ကို မဖွင့်ပြောဖြစ်သေး
ဖွင့်ပြောပီး တိုင်ပင်ကတဲ့အထိလည်း နီးကပ်ကြတဲ့လူတွေ မဟုတ်ဘဲ....................
" နူးလေး
ကိုယ်တို့ တက္ကသိုလ် တူ" တက်ရအောင်ကွာ နော်
ကိုယ် မင်းနဲ့ မခွဲချင်ဘူး"
ဆောနူ တယောက် မျက်နှာငယ်နဲ့ လာသူရဲ့ သဘောထားကိုလိုက်လျောချင်ပေမဲ့လည်း"မင်းက ငါ့ကို အတ္တကြီးတဲ့ လူတယောက်ဖြစ်အောင် လုပ်နေတာလား ဆောင်ဟွန်း
မင်းမှာလည်း မင်းဝါသနာဆိုတာ ရှိသေးတယ်
အဲ့ဒါကို ငါကမသိချင်ယောင်ဆောင်ပီး မင်းကို ငါနဲ့ဆွဲထားရမှာလား
ငါအဲ့လောက်ထိတော့ မရူးမိုက်သေးပါဘူး
ပီးတော့ ငါက အရင်ကလည်း ခပ်ဆိုး"ကောင်လေးလည်း မဟုတ်တော့ပါဘူးလူတွေကို အရွဲ့တိုက်ချင်ရုံနဲ့ ကိုယ့်ကိုကိုယ် နစ်မွန်းစေမယ့် အလုပ်တွေလည်း မလုက်တော့ပါဘူး
မင်းကပဲ ငါ့ကို စိတ်ချပေးပါ ဆောင်ဟွန်း"ပြောင်းလဲလာတဲ့ ဆောင်ဟွန်းဆိူတဲ အခေါ် အဝေါ်နဲ့အတူ
ဒီကောင်ငယ်လေးရဲ့ အတွေးအခေါ်လေးကိူလည်း သဘောကျမိပြန်သေး
အော် ကင်မ်ဆောနူ က တကယ် ချစ်မဝလေး
လူကို ရူးအောင် ပြုစားနေတာပဲ"ဟုတ်ပါပီ ကိုယ့်ကောင်လေးရဲ့ စကားကို နားထောင်ပါ့မယ်
ပီး ကိုယ်တို့ အလူပ်အသီး" ရရင်တော့ အတူ" နေကြရအောင် နော်"ကိုယ့်စကားကိူ ကြားပီး ခရမ်းချဥ်သီးလို နီရဲလာတဲ့ မျက်နှာနဲ့ကောင်လေးက ဘယ်ထိ အတွေးက ရောက်သွားမှန်းမသိ
YOU ARE READING
𝐃𝐨𝐧'𝐭 𝐰𝐚𝐧𝐭 𝐭𝐨 𝗗𝗘𝗣𝗘𝗡𝗗 ( completed )
Short Story"အားနည်းတဲ့လူကို ပိုပီး အနိုင်ယူချင်ကြတာ လူတွေရဲ့ သဘာဝပဲ မဟုတ်ဘူးလား " ပတ်ဆောင်ဟွန်း