part-1

6.8K 152 1
                                    

Unicode

       ညို့မှိုင်နေတဲ့ကောင်းကင်ကြီးရယ် သည်းထန်စွာရွာသွန်းနေတဲ့မိုး ဟုတ်တယ် ဒီမိုးစက်တေနဲ့အတူ. . . . .ကျတော်အမုန်းဆုံးလူသားက ကျတော်နဲ့ အဝေးဆုံးကိုထွက်သွားခဲ့တာ. . . . . .ဒီမိုးစက်တေက ကျတော်အရင်ကအရမ်းနှစ်သက်ခဲ့ဘူးတယ် အခုတော့ အဲ့မိုးစက်တေကြားကရင်နာဖွဲကောင်းတဲ့ပုံရိပ်. . . . .အရာရာကိုမေ့ပစ်ဖို့ကြိုးစားခဲ့ပေမဲ့ နာကျည်းချက်တွေနဲ့ အတူရွာနေတဲ့မိုးရေထဲက ပုံရိပ်လေး အမြဲတမ်း လာခြောက်လှန့်နေတုန်းဘဲ. . . . . အဖြူရောင် အုပ်ဂူလေးပေါ်မှာ တင်ထားတဲ့ပန်းစည်းနဲ့အတူ သူ့ရဲ့ နာမည်လေ. . . .

"ရိပေါ် ခဗျားအရမ်းချစ်ပါတယ်ဆိုတဲ့ ကျတောျ့အနားကထှကျသှားတာ အခုဆို နှစ်နှစ်တောင် ပြည့်ခဲ့ပြီးနော် ခဗျားကတော့ မြေမှုန်တေထဲမှာ အေးချမ်းစွာ အိပ်စက်နေလိုက်တာ ကျတော့်မှာတော့ ကိုယ့်အရမ်းမုန်းပါတယ်ဆိုတဲ့ လူတစ်ယောက်ကို ဒီအချိန်ထိ မေ့မရသေးဘူး အဟက်. . .ဝမ်ရိပေါ် ခဗျားအရမ်းတော်တယ် သိလား ခဗျားပြောခဲ့တဲ့ စကားတေက ကျတော့်နားထဲမှာအခုထိ စွဲနေတုန်းဘဲ"

"ရှောင်းကျန့်. . . . . .မင်းငါ့ကိုမုန်းတယ်ဆိုရင် အဲ့အမုန်းတေနဲ့အတူ မင်းနှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာထိ ငါဝင်ရောက်နေရာယူထားမယ်ဆိုတာ. . . .မင်းခေါင်းထဲမှာ မြဲမြဲမှတ်ထား"

"ဟုတ်တယ်. . . .ခဗျားမှန်တယ် ရိပေါ် အခုကျတော့် ရင်ထဲက အနက်ရှိုင်းဆုံးနေရာထိ ခဗျားဝင်ရောက်နေပြီး. . . .ပြီးတော့  ခဗျားပြောသေးတယ်လေ"

"ရှောင်းကျန့်. . . . . .မင်းကငါဆိုတဲ့ ဝမ်ရိပေါ် ရဲ့အပိုင် မင်းထွက်ပြေးလဲငါကတော့လိုက်ဖမ်းနေအုန်းမှာဘဲ အဲ့တော့ ပင်ပန်းခံပြီး ထွက်ပြေးမနေနဲ့"

"အခု. . . .အခုကြတော့ရော  ထွက်မပြေးဖို့အမြဲတမ်း ပြောနေတဲ့ခဗျားက ဘာလို့ထွက်သွားခဲ့ရတာလဲ ချစ်တယ်ဆိုတဲ့စကားကို ကျတော်ရဲ့ နားတေပူအောင် တစ်ဖွဖွပြောနေတတ်တဲ့ခဗျားက အခုဘာလို့ လာမပြောတော့တာလဲ "

"ချစ်တယ်. . . . .ချစ်တယ် ရှောင်းကျန့် မင်းမုန်းလဲကိုယ်က ချစ်တယ် မင်းရဲ့အမုန်းတရားတေ ကြီးမားသလိုဘဲ ကိုယ့်ရဲ့ချစ်ခြင်းတရားတေကလဲကြီးမားတယ် "

" ကိုယ်နဲ့အဝေးမှာ ပျော်ပါစေ"  {Completed}Où les histoires vivent. Découvrez maintenant