part-9

890 48 0
                                    

Unicode

စေ့စပ်မဲ့ ကိစ္စ ဘယ်လိုလုပ်မလဲ. . ရှောင်းမိန်းကလေး ခဗျားရဲ့ မောင်ဖစ်သူရှောင်းသခင်လေးက ပျောက်နေတာရောဟုတ်ရဲ့လား. .ကျတော့်သမီးကို လက်မထပ်ချင်လို့ ထွက်ပြေးသွားတာမလား. ."

"မဟုတ်ရပါဘူး. . .uncle ဟောက်မင်ရယ်. .မောင်လေးက. .အဲ့လိုလူစားမျိုးမဟုတ်ပါဘူး "

"အခု. .စေ့စပ်ပွဲလဲပျက်သွားပြီးလေ. .ကျုပ်တို့ဘက်ကလဲ အရှက်တေကွဲကုန်ပြီး. .ရှောင်းမိန်းကလေးရဲ့. .uncle ကတော့ မင်းရဲ့ မောင်လေးကို uncle သမီးနဲ့ သဘောမတူနိုင်တော့ဘူး. .ပြီးတော့ မင်း company မှာ ဝင်ထားတဲ့ ရှယ်ယာတေကိုလဲ ပြန်လိုချင်တယ်. ."

"uncle. . .သဘောပါပဲ ကျမဘက်က ဘာမှကန့်ကွက် စရာမရှိပါဘူး ပြီးတော့ ကျမတို့ဘက်က uncle ဟောက်မင် တို့ကိုအရှက်ရအောင်လုပ်မိတဲ့ အတွက်အနူးညွတ် တောင်းပန်ပါတယ်. . ."

"ဒါဆို. . .ခွင့်ပြုပါအုန်း. ."

"ကျဲ. . . .ရှောင်းကျန့် သတင်းဘာမှမရသေးဘူးလား. ."

"ဟုတ်တယ်. . .ကျိုးချန်းရယ် ကျဲတော့ မောင်လေးကို အရမ်းစိတ်ပူနေပြီး ဟင့်. . .အဟင့်. .အင့်. ."

"မငိုပါနဲ့. . . .ကျဲရယ် ကျတော်လဲ တတ်နိုင်သလောက် စုံစမ်းနေပါတယ်. .ရှောင်းကျန့် ဘာမှမဖစ်လောက်ပါဘူး. ."

"ဟင့်အင်. . .ကျဲစိတ်ထဲမှာ အရမ်းလေးနေတယ် ရဲကိုတိုင်ချက်ဖွင့်ထားတာလဲ ဘာမှမထူးခြားသေးဘူး. . .မောင်လေး အဆင်ရောပြေပါ့မလားမသိဘူး. ."

    ပြောရင်း ငိုကြွေးနေတဲ့ ရှောင်းရှင်းလိကြောင့် ကျိုးချန်းလဲ ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိတော့ သူလဲသူ့ သူငယ်ချင်း ဖစ်သူကိုအရမ်းစိတ်ပူပါတယ်။ အိမ်နဲ့ကျောင်း ကလွဲ ဘယ်မှမသွားတတ်တဲ့ သူငယ်ချင်း ကို ဘယ်မှာ သွားရှာရပါ့မလဲ။ ကျဲလဲစိတ်ပင်ပန်းနေမှာ အသေချာပင် company ကိစ္စတေ ရော မောင်ဖစ်သူကြောင့်ပါ စိတ်ဖိစီးမွုတွေ များနေရှာပြီ။ ကျဲကိုလဲသူအရမ်းသနားနေပြီ။ ရှောင်းကျန့် ရေ မင်းဘယ်တေရောက်နေတာလဲကွာ ဟုသာစိတ်ထဲရေရွတ်နေမိတော့တယ်။

. . . . . . . . .

       ရှောင်းကျန့် ရိပေါ်ရေချိုးခန်းဝင်နေတုန်း သူ့ဖုန်းကိုယူပြီး ခေါင်းအုံး အောက်မှာ ဖွက်ထားလိုက်တယ်။ မနေ့က ရန်ဖစ်ထဲက သူဖက်ကရိပေါ်ကို အဖက်မလုပ်ခဲ့ အိမ်ထဲမှာဘဲ ပိတ်လှောင်ထားချင်နေတဲ့ ထိုလူ့ကိုသူလုံးဝ မကြည်ပါ။ သူ့ပါးစပ်က ချစ်တယ် စကားတေကိုလဲမကြားချင်ဘူး။ မုန်းတယ် သူ့ကိုအရုပ်လို သဘောထားတဲ့ထိုလူ့ကို သူသိပ်မုန်းတယ်။ တစ်နေ့သူ့လက်ကလွတ်အောင်ပြေးမှာ ဝမ်ရိပေါ်. .ခဗျားနဲ့ အဝေးဆုံးကို ထွက်ပြေးပြမယ် စောင့်ကြည့်နေလိုက်. .

" ကိုယ်နဲ့အဝေးမှာ ပျော်ပါစေ"  {Completed}Hikayelerin yaşadığı yer. Şimdi keşfedin