part-20

1.2K 47 0
                                    

Unicode

လေးလံလွန်းသည့် မျက်လုံးတေကို ချင်းယွိ အားယူပြီး ဖွင့်ကြည့်ပေမဲ့ အမြင်တေက ဝေဝါးနေဆဲ။မျက်တောင်ရှည်တို့ တစ်ဖျတ်ဖျတ်ခတ်ကြည့်လိုက်မှ ရှင်းလင်းလာသည့် မြင်ကွင်းတွေ သူမ၏ မိခင်ဖြစ်သူက မျက်ရည်တေနဲ့ သူမအား ဝမ်းနည်းစွာကြည့်နေခဲ့သည်။ သူမရဲ့ ခြောက်ကပ်နေတဲ့ နှုတ်ခမ်းတေက စတင်လှုပ်ခတ်ခဲ့သည်။

"မ~မား~~"

"သမီး ~သမီးသတိရပီလား"

"သ~" သမီး ခုနက ဘာဖြစ်သွားတာလဲ "

"အမလေး မားသမီးလေးရယ် မား ~မားဘယ်လိုလုပ်ရပါ့မလဲ "

   ငိုကြီးချက်မှ ပြောလာသည့် မားရဲ့ စကားအဓိပ္ပာယ်ကို သူနားမလည်နိုင်။ မားကဘာကိုဘယ်လို လုပ်ချင်ရတာပါလိမ့် မဟုတ်မှ သူ သူရဲ့ကိုယ်ဝန်ကို မားသိသွားပြီ များလား။

"မား ~မားဘာတွေပြောနေတာလဲ"

"သမီး မားမေးတာကို အမှန်တိုင်းဖြေမယ်မလား ဟင် မားမေးတာကို ဖြေမယ်မလား"

"မား~~"

"သမီး သားလေးဝမ်ရိချန်းနဲ့ လွန်လွန်ချွင်ချွင်တေ ဖစ်ခဲ့ကြတယ်မလား"

". . . . ."

"မားမေးနေတာကို ဖြေလေ နှုတ်ဆိတ်နေခြင်းက ဝန်ခံခြင်းဘဲနော် သမီးဒီကိုယ်ဝန်က ရိချန်းနဲ့ ရတာမလား"

"ဟင့်. . . ဟင့် သမီး သမီးတောင်းပန်ပါတယ် သမီး မောင့်ကိုယုံကြည်စွာနဲ့ဘဲ ပေးအပ်ခဲ့မိတယ် အခု အင့်. . သမီးဘယ်လိုလုပ်ရတော့မလဲ မားရယ် အဟင့်. . သမီးလေ သေသာသေလိုက်ချင်ပီ"

"အမလေး သမီးရယ် အဲ့လိုစိတ်ထင်ရာတွေ မတွေးရဘူးလေ ရိချန်းက ဖောက်ပြန်ခဲ့တာမှ မဟုတ်ဘဲ ကံစီမံရာပေါ့ကွယ် ဘယ်တတ်နိုင်ပါ့မလဲ "

"ဒါဆို သမီးဘယ်လိုလုပ်မလဲ အခု မောင်မှမရှိတော့တာ ဟင့်. .အီးးးဟီးး . .အင့်. .အင့်"

"မား လူကြီးမင်းဝမ်နဲ့ တိုင်ပင်ကြည့်ပါအုန်းမယ်ကွယ် သမီးလေး ဘာမှတော့ လျှောက်မလုပ်ရဘူးနော် ကြားလား"

   မိခင်ဖြစ်သူရဲ့ စကားကို သူမခေါင်းညိတ်ပီသာ လိုက်နာခဲ့တယ်။အခုချိန် သူဘာမှမသိတော့ဘူး သူဘဝကြီးက အခုသူဘဝကြီးက မျက်ရည်ကျယုံကလွဲ ဘာမှမတတ်နိုင်တော့ဘူးလေ။မောင့်ကိုလဲ အပြစ်မတင်ရက်ဘူး မောင်ကမှမမှားခဲ့တာ ရက်စက်လွန်းတဲ့ ကံကြမ္မာကိုသာ အပြစ်ပုံချရတော့မယ် မောင်ရယ်။

" ကိုယ်နဲ့အဝေးမှာ ပျော်ပါစေ"  {Completed}Hikayelerin yaşadığı yer. Şimdi keşfedin