Unicode
"ကျဲ. . . . .အား. . . ."
ရှောင်းကျန့် သူ၏အမဖစ်သူအား တစ်ကြော်ကြော်အော်ရင်း အိမ်မက်ဆိုးမှနိုးထလာခဲ့တယ်။ မောပန်းမှုနဲ့အတူ လေးလံနေသည့်စိတ်တို့က သူကိုချွေးသည်းချွေးပေါက်ငယ်ကျစေတယ်။ မဟုဘူးမလား ဒါအိမ်မက်ဘဲမလား ကျဲကိုစိတ်စွဲလွန်းလို့ ဖစ်ရတာမလား ဘာလို့သူစိတ်တေ အရမ်းလေးလံနေရတာလဲ နှလုံးခုန်နှုန်းတေလဲ မြန်ဆန်လွန်းနေတာမလို့ ကုတင်ဘေးမှာ ချထားတဲ့ရေဘူးကို ယူပြီးအလောတကြီး မော့သောက်လိုက်တယ်။ လည်တိုင်ပေါ်ကို ကျဆင်းလာတဲ့ ရေစက်တေကသူရဲ့ချွေးစက်တို့နဲ့ ရောယှက်လို့သွားပြီ။ အိပ်ယာဘေးကို အားကိုးတကြီးကြည့်မိတော့ သူကရှိမနေ အခုချိန်ထိ စာကြည့်ခန်းထဲအလုပ်တေလုပ်နေတုန်းဘဲလား အိပ်ရေးပျက်ရင် ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတာ သူမသိလေယော့သလား။ ကုတင်ပေါ်က ထလိုက်ပြီး အလုပ်ခန်းသို့ ခြေလှမ်းတို့ကို ဦးတည်လိုက်တော့တယ်။
အလုပ်ခန်းထဲမှာ ကွန်ပျူတာ တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့သူ့စီ လျှောက်လာပီး
"အခုထိ. . .မအိပ်သေးဘူးလား "
"ဟင်. . . .baby နိုးလာပီလား"
"ခဗျား. .အခုထိအလုပ်တေလုပ်နေတုန်းဘဲလား"
"အင်း. . .နည်းနည်းကျန်သေးလို့ လက်စဖြတ်နေတာ လာပါအုန်း ကိုယ့်အနားကို"
မိမိရှေ့လာရပ်တဲ့ ကိုယ်သေးသေးလေးကိုဆွဲဖက်ထားလိုက်တော့တယ်။ အိပ်ချင်မူးတူး ရုပ်လေးနဲ့ လူကိုအသဲယားအောင်သိပ်လုပ်တာဘဲ။ စိတ်ရှိတိုင်းသာ ဖစ်ညစ်ပစ်လိုက်ချင်တော့တယ်။
" baby ~~ကိုယ့်ကို ခဗျားလို့ဘဲ ခေါ်တော့မလို့လား"
"ခဗျားကို. . .ခဗျားလို့မခေါ်လို့ဘယ်လို ခေါ်ရမှာလဲ"
" daddy ~လို့ခေါ်လေ"
"ဟင့်အင်. . .ခေါ်ချင်ပါဘူး"
"အဲ့ဆို. . .ကိုကိုလို့ခေါ်"
"ကိုကို~ခေါ်ရအောင် ခဗျားနဲ့. . .ကျတော်က ဘာဆိုင်လို့လဲ. .မခေါ်ဘူး"
"အဲ့ဆို. . .ဘယ်လိုခေါ်မှာလဲကွာ"
"ရိပေါ်ကော. . .လို့ခေါ်မယ်လေ"

ESTÁS LEYENDO
" ကိုယ်နဲ့အဝေးမှာ ပျော်ပါစေ" {Completed}
Fanficရှောင်းကျန့် မင်းကိုကိုယ့်အနားကထွက်သွားခွင့်မပြုနိုင်ဘူး ဒါကြောင့်မို့ မင်းအနားကနေ မင်းသိပ်မုန်းနေတဲ့ကိုယ်က ထွက်သွားပေးပါ့မယ် ကိုယ်မရှိတော့ရင် မင်းပျော်နေမယ်မလား မင်းသိပ်မုန်းပါတယ် ဆိုတဲ့ကိုယ်က မင်းရဲ့အဝေးကို ထွက်သွားရင်မင်းပျော်နိုင်မလား ကိုယ်ကလေ မ...