part-21 end

2.6K 63 8
                                    

Unicode

အတိတ်က အကြောင်းအရာတွေကို ပြန်တွေးမိလိုက်တိုင်း ရှုချန်းရဲ့ ရင်မှာနာကျဥ်းလို့ မဆုံးဘူး။ဝမ်ရိပေါ်က သူတူဆိုတဲ့ သွေးကစကားကြောင့် ကြင်နာချင်ခဲ့ပေမဲ့ ရင်ကအနာဟောင်းတေက ပစ်ပယ်ထားဖို့သာ သူ့ရဲ့နားထဲမှာ အမိန့်ချခံခဲ့ရတယ်။သူဟာ ဝမ်ရိပေါ်ရဲ့ ဖခင်တစ်ယောက် မဟုတ်ခဲ့ဘူး။အယောင်ပြ နွားသာသာ လှည်းကြိုးထမ်းခဲ့ရတာ။သူခွင့်မလွတ်ပေးနိုင်ဘူး သူ့ဘက်ကလွန်တယ် ဆိုရင်တောင် သူမိဘတေရဲ့ လုပ်ရပ်တေနဲ့ ယှဥ်ရင် မပြောပလောက်ပါဘူး။

အတွေးထဲမှာနစ်မျောနေတဲ့ သူ့ကိုအပြင်ဘတ်စီက တံခါးခေါက်သံဟာ ပြန်အသိဝင်လာစေခဲ့တယ်။

"ဒေါက်...ဒေါက်"

"Lostမချထားဘူး ဝင်ခဲ့"

"ပါး~~"

"ဝမ်ရိပေါ် ငါ့စီလားတာ ကိစ္စရှိလို့လား "

"ကျတော်..ပါးကို မေးစရာရှိလို့ပါ"

"အင်း...မေးလေ"

"ကျတော်က..ပါးရဲ့သားအရင်းလား"

"ဘာလို့မေးတာလဲ "

"ကျတော် သိချင်လို့ "

"မင်းကကော ဘယ်လိုထင်လဲ"

"ကျတော် မသိဘူး "

"ဟက်! မင်းကအဖေတူ သားဘဲ"

"ကျတော့် အဖေရင်းက ဘယ်သူလဲ "

"ငါဘဲလေ ဘယ်သူဖြစ်နိုင်ဦးမှာလဲ"

"ဒါဆို ဘာလို့ ကျတော့်ကို သားတစ်ယောက်လို မဆက်ဆံခဲ့ရတာလဲ"

မျက်ရည်တွေ ရစ်ဝိုင်းနေတဲ့ တူဖြစ်သူရဲ့ မျက်ဝန်းတွေက မင်းနဲ့သိပ်တူတာဘဲ ရိချန်းရာ။ ငါလေ သူ့ကို သနားမိပေမဲ့ မင်းကိုလဲ မုန်းတီးနေတုန်းဘဲ။

"မင်းထင်ချင်သလိုထင် ရိပေါ် မင်းသိထားရမှာက ငါဟာမင်းအဖေ ဆိုတာဘဲ"

"မဟုတ်ဘူး မယုံဘူး ခဗျားလိမ်နေတာ "

"အဲ့တာ မင်းအပိုင်း ငါနဲ့မဆိုင်ဘူး ရိပေါ် ငါစိတ်မကြည်လို့ မင်းပြန်လိုက်တာ ကောင်းမယ်"

ရိပေါ်က သူ့ထံ စာအုပ်တစ်အုပ်ကို ပစ်ပေါက်လိုက်ပြီး။

"အဲ့တာ ကျုပ်မားရဲ့ မှတ်စုစာအုပ်ဘဲ ခဗျားဘာငြင်းချင်သေးလဲ ဦးဝမ်ရှုချန်း"

" ကိုယ်နဲ့အဝေးမှာ ပျော်ပါစေ"  {Completed}Donde viven las historias. Descúbrelo ahora