Unicode
ရိပေါ် ဒီနေ့ရှောင်းရှင်းလိက တွေ့ချင်တယ် ဆိုတာကြောင့် ***စားသောက်ဆိုင် ကိုရောက်လာရခြင်း သူမက baby နဲ့ရုပ်ချင်းနည်းနည်းဆင်သည် ကော့တက်နေသည့်မျက်တောင် မျက်လုံးလေးကလဲတကယ်ကိုတူတာ သူမကလှတာတော့ သူငြင်းမရပေ မိန်းကလေးဆိုပေမဲ့ ထက်မြက်သူတစ်ယောက် အရာရာကိုကောင်းစွာဦးဆောင်နိုင်မှုလဲ ရှိပါသည် ယောကျာ်းမှန်ရင် ကြွေဆင်းလောက်သည့် ရူပကာရှိပေမဲ့ သူအတွက်တော့ သာမန်အဆင့်သာသာ baby နဲ့မှမဟုတ်ရင် သူကကျောက်ရုပ်အလား မာကျောလွန်းပါသည်လေ baby သာလျှင်သူ့ကိုအရည်ပျော်စေနိုင်တဲ့ တစ်ဦးထဲသော နတ်သားလေး
"ဝမ်. . . ."
"အင်း. . .ပြောရှင်းလိ"
"ရှင်းလိ. . .မောင်းလေးနဲ့တွေ့ချင်တယ်. ."
"ကိုယ်. . .ခွင့်မပြုပေးနိုင်ဘူး. ."
"ဘာလို့လဲ. . .ရှင်းလိက သူ့ရဲ့အမရင်းပါ. .ကိုယ့်မောင်လေးအဆင်ပြေမပြေ. .သိချင်တာပေါ့ "
"သူသာ. . .ရှင်းလိကိုမြင်ရင် ရှင်းလိနောက်ကိုပြန်လိုက်ချင်နေလိမ့်မယ်. .စိတ်ချပါ. .သူအဆင်ပြေပါတယ်"
"ဘာဖြစ်ဖြစ်. . .မောင်လေးကို တွေ့ရမှစိတ်ချနိုင်မယ်. .ဝမ်. ."
"ကောင်းပြီး. . .ကိုယ်အိမ်ပြန်ရောက်ရင်. .မင်းစီဖုန်းစက်ခိုင်းလိုက်ပါ့မယ်"
"ဝမ်. . .မောင်လေးကို မသနားဘူးလား. ."
"ဘာအတွက်. . .သနားရမှာလဲ. .ရှင်းလိ"
"သူ. .ဝမ်စီမှာပျော်မှာမဟုဘူး. ."
"ကိုယ်~~ ပျော်အောင်ထားမယ် "
"သူပျော်မယ်. . .ထင်လား"
"ကိုယ်~~ကြိုးစားမှာပါ. ."
"ကျမ. . .ဝမ်ကို~~ ယုံသင့်လား"
"ကိုယ်က. . .အပြောနဲ့ စိတ်ကူးယဥ်တတ်သူ. .မဟုတ်ဘူး. .ပီးတော့ သူများရဲ့ယုံကြည်မှုထက်. .ကိုယ့်ကိုယ်ကို ဘဲယုံကြည်တတ်သူမို့. .မင်းယုံဖို့ကို ကိုယ်မျှော်လင့်မနေဘူး. ."
"ဟမ့်. . .ဝမ်~ရှင်းလိ. .ရှင့်ကိုသဘောကျတာ. .အဲ့တာတေကြောင့်လဲပါတယ်. ."

ESTÁS LEYENDO
" ကိုယ်နဲ့အဝေးမှာ ပျော်ပါစေ" {Completed}
Fanfictionရှောင်းကျန့် မင်းကိုကိုယ့်အနားကထွက်သွားခွင့်မပြုနိုင်ဘူး ဒါကြောင့်မို့ မင်းအနားကနေ မင်းသိပ်မုန်းနေတဲ့ကိုယ်က ထွက်သွားပေးပါ့မယ် ကိုယ်မရှိတော့ရင် မင်းပျော်နေမယ်မလား မင်းသိပ်မုန်းပါတယ် ဆိုတဲ့ကိုယ်က မင်းရဲ့အဝေးကို ထွက်သွားရင်မင်းပျော်နိုင်မလား ကိုယ်ကလေ မ...