အခန်းထဲကို
ဝုန်းခနဲဝင်လာသော သူ့ကို
Producer နဲ့ နိုရာဟာမော့ကြည့်သည်။" တံခါးဆိုတာခေါက်ပြီးမှဝင်ရတယ် "
ခပ်အေးအေးပြောတဲ့ Producer စကားကြောင့် သူ့ ဒေါသတွေဟာသည်းမခံနိုင်တဲ့အခြေအနေကိုရောက်သွားရတော့သည်။
" အခုထွက်နေတဲ့ Rumor သတင်းတွေ
ဖြန့်တာ ခင်ဗျားကိုယ်တိုင်ပဲမလား"Producer ရဲ့အင်္ကျီလည်ပင်းကော်လာကိုသူဟာဒေါသတကြီးခပ်ကြမ်းကြမ်းဆွဲဆောင့်လိုက်တာမို့
အစည်းဝေးခန်းထဲကလူအားလုံးရုပ်ရုပ်သဲသဲဖြစ်ကုန်တော့သည်။" မင်းစိတ်လျော့... ငါပြောမယ်
မင်းလည်းလူပျို နိုနိုလည်း အပျိုပဲ
မင်းတို့ရဲ့ Dating Rumour တွေ
လူစိတ်ဝင်စားအောင်ဖြန့်တဲ့ကိစ္စမှာ
မင်းဘက်ကဘာနစ်နာလို့ လဲ"တိတိကျကျဝန်ခံလိုက်ပြီမို့ လည်ပင်းကော်လာကို ခပ်တင်းတင်းဆွဲထားတဲ့ လက်တွေဟာ ဖြေလျော့လိုက်တော့သည်။
သူ့အတွက်ပြောစရာစကားဟာ
ဗလာနထ္ထိဖြစ်သွားရတော့သည်။ဆက်ပြောလည်း ဒီလိုလူမျိုးဟာ နွားပလာတာကျွေးသလိုလူစားမျိုးဖြစ်မှာအသေအချာပဲမို့
သူ့အား ကြောက်လန့်တကြားကြည့်နေတဲ့ တစ်ဖွဲ့လုံးကိုသာသူဝေ့ဝဲကြည့်လိုက်သည်။Producer နဲ့ နိုရာကို မျက်နှာမကြည့်ချင်လောက်အောင်တူးတူးခါးခါးဖြစ်မိပေမဲ့ ကျန်တဲ့ အဖွဲ့သားတွေကိုတော့ သူအားနာသည်။
"ဒီအတောအတွင်းကူညီပေးတာကျေးဇူးတင်ပါတယ် ကျွန်တော် ဒီ ethic မရှိတဲ့ producer နဲ့လက်မတွဲနိုင်လို့ ဒီ entertainment နဲ့ လက်တွဲဖြုတ်တော့မယ်"
သူ့စကားကြောင့် ခုနကထိခပ်အေးအေးဖြစ်နေသော Producer ရဲ့မျက်နှာဟာအရောင်တွေဖျော့တော့သွားပြီး ပျာပျာသလဲ ဖြစ်သွားသည်။
" စာချုပ်ဖျက်ရင်လျှော်ကြေး...ရှိတယ်"
သွေးရူးသွေးတန်းဖြစ်သွားတဲ့ Producer ရဲ့မျက်နှာကို အဝအရသာခံကြည့်ပြီးမှသူမျက်နှာလွှဲလိုက်တော့သည်။
YOU ARE READING
Daddy Aesthetic (Daddyဗေဒ)
RomanceဒီFic လေးမရေးခင်ကတည်းက Character လေးတွေကိုတော့ တချို့reader လေးတွေအတွက်ရင်းနှီးပြီးသားဖြစ်နေမှာပါ ဟုတ်ပါတယ် Da Da နဲ့ခခပါ ❤️❤️❤️ Da Da နဲ့ခခကိုမျှော်နေတဲ့ reader လေးတွေအတွက် Daddy Aesthetic လေးကိုရေးဖြစ်တာပါ