ဒီနေ့မနက်ခင်းဟာမြူတွေဆိုင်းနေတာမို့..
ပုံမှန်မနက်ခင်းတွေထက်ပိုပြီးမှောင်နေသလိုပင်မနက်တိုင်းလိုလို ခလေးသည် အိပ်ရာထဲကွေးနေချင်ခဲ့ပေမဲ့ Da Da ရဲ့ အပါဆွဲခေါ်မှုကြောင့်
အိပ်မှုန်စုတ်ဖွားနဲ့ ကျုံးဘေးကိုလိုက်လာခဲ့ရပြန်သည်တော်တော်လည်းထနိုင်တဲ့လူကြီး
တစ်ရက်တစ်လေလေးတောင်
အိပ်ရာပေါ်ကွေးနေဖို့အဖော်မရ" ခလေးအမြဲအိပ်နေမယ်ဆို ဗိုက်ခေါက်တွေထွက်လာမှာပေါ့ တော်ကြာ ခလေးကိုDa Da ထက်အသက်ကြီးတယ်လို့သူများတွေထင်ကြရင်ဘယ်လိုလုပ်မလဲ"
Da Da အပြောကြောင့်ခလေးဟာစိတ်ဆိုးဆိုးနဲ့ အရပ်နှင့်မှီရာဖြစ်သော လက်ဖျံကို ကုန်းကိုက်တော့သည်
" နာတယ်ကွ ခွေးပေါက်စလေး"
Da Da သည် သူ့အရပ်ကြီးနှင့် ခလေးကိုက်လို့မရအောင် လက်ကိုမြှောက်ကာခြေဖျားပါထောက်ထားသေး၏
" Da Da နော် လက်မကိုက်ရရင်မမှီမှီရာကိုက်မှာ"
ခလေးအပြောကြောင့် Da Da ဟာတဟားဟားရယ်ရင်း သူ့လက်ကို ပါးစပ်ရှေ့ထိုးပေးသည်
ကြည့်ရတာ Da Da သည် ဟိုညကအကိုက်ခံလိုက်ရတဲ့ကိစ္စကိုသတိရသွားဟန်တူ၏။
" အိပ်ချင်တယ် မလျှောက်ချင်တော့ဘူး
ဗိုက်လည်းဆာတယ်"သူကလမ်းလျောက်ချင်သေးပေမဲ့ ခလေးဟာဂျီကျနေတာမို့ဆက်လျောက်လို့မဖြစ်တော့ပါ
" ကလေးစုတ်လေး ဒါဆိုကမ်းနားဘက်ကခိုတောင်မုန့်တီလိုက်ကျွေးမယ်"
ထိုင်းကပြားမလေးသည် မန္တလေးမုန့်တီကိုတော့အသေကြိုက်သည်
ခိုတောင်မုန်တီအသံကြားတော့ " ရေး" ခနဲထအော်တော့လေသည်။
Da Da သည်ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးဂရုတစိုက်တက်ပေးရင်း အစားစားရမှာမို့ပျော်နေသောခလေးရဲ့ပါးနှစ်ဖက်ကိုခပ်ဖွဖွဆွဲလိုက်သည်
VOCÊ ESTÁ LENDO
Daddy Aesthetic (Daddyဗေဒ)
RomanceဒီFic လေးမရေးခင်ကတည်းက Character လေးတွေကိုတော့ တချို့reader လေးတွေအတွက်ရင်းနှီးပြီးသားဖြစ်နေမှာပါ ဟုတ်ပါတယ် Da Da နဲ့ခခပါ ❤️❤️❤️ Da Da နဲ့ခခကိုမျှော်နေတဲ့ reader လေးတွေအတွက် Daddy Aesthetic လေးကိုရေးဖြစ်တာပါ