မနက်စောစောစီးစီးဘေးအိမ်မှာကားတစ်စီးနဲ့အတူ
အထုပ်ကြီးအထုပ်ငယ်တွေရွှေ့နေတာမို့
လူအသစ်တွေပြောင်းလာမည်ဟုတော့ထင်လိုက်သည်။ဆိုဖာတွေ ကုတင်တွေ အပြင် မှန်တင်ခုံတွေပါသယ်နေတာမို့ အိမ်နီးနားချင်းအသစ်ဟာမိန်းကလေးတစ်ယောက်မှန်းတော့သိသာစေသည်။
အထုပ်တွေကို ဟိုမှာချ ဒီမှာချပေးပါ ဆရာလုပ်နေသော အသံလေးကိုတော့ သူကောင်းကောင်းမှတ်မိသွားသည်
" ဟာ ဒီကလေး
အိမ်ပါရွှေ့လာတာလား"အစက ထိုကလေးမဟာဘယ်မှာနေလည်းမသိပေမဲ့
အခုတော့ သူ့ဘေးအိမ်ထိကိုရောက်အောင်ပြောင်းလာခဲ့သည်။" Da Da "
ဖျတ်ခနဲလှမ်းမြင်လိုက်ရသောရင်းနှီးနေသောတစ်စုံတစ်ယောက်ရဲ့အရိပ်ကလေးကြောင့် လုပ်လက်စအလုပ်တွေပစ်ပြီးခခဟာအိမ်ရှေ့ထွက်လာခဲ့ချင်းဖြစ်သည်။
Da Da သည် နက်ပြာရောင် Sweatshirt ကို ဘောင်းဘီ
ခဲနက်ရောင်နဲ့လိုက်ဖက်စွာဝတ်ထားပုံပေါက်ရင်
အားကစားလုပ်ဖို့အပြင်ထွက်လာပုံပေါ်သည်။မနက်ပိုင်းလမ်းလျောက်ထွက်တာတောင် ထိုလူကြီးဟာ ချောမောကြည့်ကောင်းနေတာမို့
မနာလိုစရာပင်ကောင်းနေ၏။" ဒီနေ့တော့ Da Da တစ်ယောက်ပဲသွားလိုက်နော်
ခလေးမလိုက်ဖြစ်တော့ဘူး
အလုပ်တွေရှုပ်နေလို့"အမောတကောထွက်ပြောတဲ့ ချာတိတ်မစကားကြောင့် သူဟာ မျက်ခုံးတွေပင့်တင်မိရက်သားဖြစ်သွား၏
"အောင်မယ် မသိရင်ငါကပဲသူ့ကိုခေါ်နေတာကျနေတာပဲ" စိတ်ထဲကတွေးရင်း
သူ့အားဦးအောင်ငြင်းလိုက်သည့်ထိုကလေးမကိုပြုံးမိတော့သည်ခါတိုင်းဆို အိပ်ရာပေါ်မှ မနည်းဆွဲချပြီးခေါ်ရတဲ့အိပ်ပုတ်လေးဟာ အခုတော့သူလမ်းလျောက်ထွက်ရင် အမြဲလိုက်တော့မဲ့ပုံပေါ်၏
ခြေလှမ်း ၁၀ လှမ်းလောက်လှမ်းအပြီး
ရဲခေါင်သွေးရဲ့ခြေလှမ်းတွေဟာ တုံ့ဆိုင်းသွားခဲ့သည်
YOU ARE READING
Daddy Aesthetic (Daddyဗေဒ)
RomanceဒီFic လေးမရေးခင်ကတည်းက Character လေးတွေကိုတော့ တချို့reader လေးတွေအတွက်ရင်းနှီးပြီးသားဖြစ်နေမှာပါ ဟုတ်ပါတယ် Da Da နဲ့ခခပါ ❤️❤️❤️ Da Da နဲ့ခခကိုမျှော်နေတဲ့ reader လေးတွေအတွက် Daddy Aesthetic လေးကိုရေးဖြစ်တာပါ