" ခလေးကအမှုပိတ်လိုက်ပြီ"နားနဲ့ဆက်ဆက်ကြားရတဲ့သတင်းကို
သူဟာမယုံကြည်ချင်တော့" ဘာလို့တဲ့လဲ"
အမောတကောပြေးဝင်လာတဲ့ ငစိုင်းကို သူကြည့်ပြီးမေးလိုက်သည်
" အခုပဲရှေ့နေဖုန်းဆက်တာ
ငါလည်းမသိဘူးလေ"သူနှိပ်စက်လို့ဝသွားပြီထင်ပါရဲ့
စိတ်ထဲကတွေးရင်း ဒီအရိပ်ဆိုးတွေဖုံးလွှမ်းနေတဲ့နေရာမှ ထွက်သွားခွင့်ရပြီဆိုတာဟာ အဆိုးထဲကအကောင်းဖြစ်သည်
ဘာပဲဖြစ်ဖြစ် သမီးပစ်ပြီး ဒီကိုသူ့ကိစ္စနဲ့ ရောက်နေသည့်
ငစိုင်းကိုလည်းအတော်လေးအားနာလှပြီဖြစ်သည်။ငစိုင်းအပြင် ငစိုင်းရဲ့အမျိုးသမီးကပါ တစ်နေ့တစ်မျိုးမရိုးရအောင်ထမင်းချိုင့်ပို့နေတာမို့ ဘယ်လိုပြန်ပြီး ကျေးဇူးတင်ရမှန်းမသိတော့ပါ
" အပြင်မှာ Journalist တွေရောက်နေတယ်"
ဆေးရုံပြတင်းပေါက်ကနေချောင်းပြီး ပြောတဲ့ ငစိုင်းကြောင့် ရဲခေါင်သွေးအတော်စိတ်ဆင်းရဲသွားသည်
" အခု အမှုကိစ္စရော Nora ကိစ္စရော ဂယက်ထနေတော့"
" Nora အမှုဟုတ်လား"
ငစိုင်းရဲ့စကားကြောင့် သူဟာမျက်ခုံးတွေပင့်တင်ပြီးမေးလိုက်သည်။
" မင်းမသိဘူးလား"
" Nora အားလုံးကိုဖွင့်ချလိုက်ပြီ
သူအကျပ်ကိုင်ခံရတာ
မင်း အခုလိုပြဿနာဖြစ်တာတွေရော
တခြားအနုပညာရှင်တွေအတော်များများကို
ဒီ Producer ညစ်တာတွေရော"" ငါ Social media သုံးမိရင် ကိုယ့်ကိုယ်ကိုယ်သတ်သေမိမှာစိုးလို့ မသုံးဘူး"
"အခု ဆေးရုံရှေ့မှာတရုန်းရုန်းကွ"
" ငါအမြန်ဆေးရုံကထွက်သွားတော့မယ်
ငါ့ကိုကူညီပါ ငါဘယ်သူနဲ့မှမတွေ့ချင်တော့ဘူး"
VOCÊ ESTÁ LENDO
Daddy Aesthetic (Daddyဗေဒ)
RomanceဒီFic လေးမရေးခင်ကတည်းက Character လေးတွေကိုတော့ တချို့reader လေးတွေအတွက်ရင်းနှီးပြီးသားဖြစ်နေမှာပါ ဟုတ်ပါတယ် Da Da နဲ့ခခပါ ❤️❤️❤️ Da Da နဲ့ခခကိုမျှော်နေတဲ့ reader လေးတွေအတွက် Daddy Aesthetic လေးကိုရေးဖြစ်တာပါ