ကားဟာတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေရာမှ
ရပ်သွားတာမို့သူဆင်းကြည့်လိုက်သည်။တောက်တက်တောင်ဆင်းလမ်းတွေတောက်လျှောက်မောင်းလာခဲ့တုန်းကအကောင်း
အခုလို တောင်ကုန်းပိစိလေးကျမှမတက်နိုင်တော့ပဲထိုးရပ်သွားရခြင်းဖြစ်သည်။ဘေးပတ်ဝန်းကျင်မှာလူသူမရှိ
အေးလွန်းတဲ့ရာသီဥတုကြောင့်
အနွေးထည် Zip ကို လည်ပင်းနားထိဆွဲတင်ကာ
ဝတ်လိုက်သည်။ဖုန်းကိုထုတ်ကြည့်တော့ဖုန်းလိုင်းကမမိ
" ကျစ်... လီးလိုပဲ"
ပါးစပ်ကဆဲရေးတိုင်းထွာလိုက်ပေမဲ့
ကိုရီးယားဆန်ဆန်အငွေ့ဖြူဖြူတွေဟာ
လေထုထဲမှာမြင်နေရသည်။ခပ်လှမ်းလှမ်းမှကော်ဖီတွေစိုက်ထားတဲ့ခြံမှလွဲလူသူကင်းမဲ့တဲ့အရိပ်အယောင်ပေါ်၏
ကားလမ်းတစ်ဖက်ကိုကူးရင်းသူဟာ
ကော်ဖီခြံထဲ လူရိပ်တွေ့လိုတွေ့ညားဝင်လာခဲ့သည်။ကော်ဖီခြံသာဆိုသည် ထင်းရှူးပင်တွေကြားမှာမို့ အုံ့ဆိုင်းနေခဲ့သည်
" Hello"
" လူရှိလား"
" ကျွန်တော်ကားပျက်သွားလို့
ဒီနားမှာ Car Service ရှိလား"အော်သာပြောနေရသည်
ပြန်ထူးတဲ့အသံမကြားအနောက်မှသူ့ကိုတစ်စုံတစ်ယောက်ကရပ်ကြည့်နေတယ်လို့ခံစားလိုက်ရတာမို့ ဖတ်ခနဲ လှည့်ကြည့်ခိုက်
အစွယ်ဖွေးဖွေးနဲ့ Doberman ခွေးနှစ်ကောင်ဟာသူ့ကိုစားမတက်ဝါးမတက်ကြည့်ကာ ထိုးဟောင်တော့သည်သွားပါပြီ ကားပျက်ရတဲ့ထဲ ခွေးအကိုက်ပါခံရတော့မည်
ငယ်ငယ်ကတည်းက ဘာကိုမှမကြောက်ဟု မိုက်မိုက်ကန်းကန်းကြွေးကြော်ခဲ့ကြပေမဲ့ သူတို့ညီအကိုမှာထူးထူးဆန်းဆန်းအကြောက်တရားရှိသည်
အဲ့ဒါကတော့ အကိုက အမြင့်ကြောက်တက်ပြီး
သူကခွေးဆိုအသေကြောက်သည်" ဂီး... ဝုတ်... ဝုတ်"
မရပ်မနားတမ်းထိုးဟောင်ကာသူ့ဆီအသဲအမဲထိုးဝင်လာတဲ့ ထိုခွေးနှစ်ကောင်လက်မှမလွတ်လို့မဖြစ်
ESTÁS LEYENDO
Daddy Aesthetic (Daddyဗေဒ)
RomanceဒီFic လေးမရေးခင်ကတည်းက Character လေးတွေကိုတော့ တချို့reader လေးတွေအတွက်ရင်းနှီးပြီးသားဖြစ်နေမှာပါ ဟုတ်ပါတယ် Da Da နဲ့ခခပါ ❤️❤️❤️ Da Da နဲ့ခခကိုမျှော်နေတဲ့ reader လေးတွေအတွက် Daddy Aesthetic လေးကိုရေးဖြစ်တာပါ