တစ်ညနေလုံးအိမ်ထဲကအိမ်ပြင်မထွက်ပဲ
Oven တစ်လုံးထဲ မုန့်ကိုထည့်လိုက်
တူးသွားလိုက်
နောက်တစ်ကြိမ်ပြန်ကြိုးစားလိုက် လွှင့်ပစ်လိုက်နဲ့ အလုပ်ရှုပ်နေသောခခသည်
အကောင်းဆုံး Cake တစ်လုံးကိုရရှိစေရန်အကြိမ်ကြိမ်ကြိုးစားနေခြင်းပင်ဖြစ်သည်။" Cream များရင်သိပ်စားမှာမဟုတ်ဘူး
သူက ကြီးကြီးကျယ်ကျယ်
ကျန်းမာရေးလိုက်စားသူကြီး"တစ်ယောက်တည်းနှုတ်ခမ်းလေးဆူကာပြောရင်း
ပြတင်းပေါက်မှ မီးလင်းနေဆဲဖြစ်သည့် ထိုလူကြီး၏ အခန်းပြတင်းပေါက်ကိုငေးကြည့်လိုက်မိသည်Da Da သည် သူ့မွေးနေ့ကို လူသိမခံပေ
ခခတောင်ပါပါ့ထံမှမေးရင်းစုံစမ်းထားရတာဖြစ်သည်ခခထင်တာတော့ ဒီလူကြီးဟာ သူအသက်ကြီးလာမှန်း သူများသိမှာကြောက်လို့ထင်၏
တစ်ခါမှမွေးနေ့လုပ်တာလည်းမမြင်ဖူးပါလူတော်တော်များများက Da Da ကို Vampire ဟုပင်ပြောကြသည်။
သူတို့ကလေးအရွယ်တုန်းက ကြော်ငြာတွေ TV channel တွေပေါ်မှ Da Daရုပ်သည်
သူတို့ကလေးတွေရပြီး TV ပြန်ပြတဲ့အရွယ်ထိမပြောင်းလဲလို့ဖြစ်သည်။" ဟင် မီးပိတ်သွားပြီ"
ကြည့်နေရင်းတန်းလန်းမှ မီးပိတ်သွားတာမို့ ခခဟာအလိုမကျဖြစ်သွားမိသည်။
သူမကတော့အိပ်ရဦးမည်မဟုတ်
မနက်ဖြန်ရောက်လာမဲ့ မွေးနေ့အတွက် ကိတ်လှလှလေးထွက်လာဖို့ကြိုးစားရဦးမည်ဖြစ်သည်။..................
အိပ်ရာနိုးတော့မနက် ၁၀ နာရီ
လမ်းလျှောက်မထွက်ခင်အမှီသွားပို့မယ်ပြင်ထားသော ကိတ်မုန့်သည်အခုဆိုနေ့လည်မှပို့ရတော့မည်ဖြစ်၏
မျက်နှာသစ်
ရေချိုး အလှဆုံးပြင်ဆင်ရင်း
ကိတ်မုန့်လေးကိုဘူးလှလှထဲထည့်သည်။ကိတ်မုန့်သည်အနည်းငယ် ပုံစံမကျပေမဲ့အရသာကတော့ရှယ်မို့ ယုံကြည်ချက်အပြည့်ပင်ဖြစ်၏
မရဲတရဲနဲ့ Da Da အိမ်ရှေ့သွားရပ်လိုက်တဲ့အချိန်မှာ
ညီညီညာညာချွတ်ထားတဲ့ ဒေါက်ဖိနပ်တစ်ရံကြောင့် စိတ်ထဲမှာသိမ့်ခနဲဝမ်းနည်းမိရတော့၏။
ŞİMDİ OKUDUĞUN
Daddy Aesthetic (Daddyဗေဒ)
RomantizmဒီFic လေးမရေးခင်ကတည်းက Character လေးတွေကိုတော့ တချို့reader လေးတွေအတွက်ရင်းနှီးပြီးသားဖြစ်နေမှာပါ ဟုတ်ပါတယ် Da Da နဲ့ခခပါ ❤️❤️❤️ Da Da နဲ့ခခကိုမျှော်နေတဲ့ reader လေးတွေအတွက် Daddy Aesthetic လေးကိုရေးဖြစ်တာပါ