လေဆိပ်မှာဆိုင်သစ်ဖွင့်မဲ့ကိစ္စအပြီး ပြန်အလာ မမျှော်လင့်တဲ့သူတစ်ယောက်ကိုမျက်လုံးထောင့်မှာတွေ့လိုက်တာမို့ သူလှမ်းကြည့်မိလိုက်သည်
" Alice.... Alice ဟုတ်တယ်မလား"
သူဟာ အင်္ဂလိပ်လိုမေးတော့ Alice ဟာ သူ့ကို ရွှန်းရွှန်းစားစားပြုံးပြလိုက်သည်။
"Naltapuk... မလား
တစ်ယောက်တည်းလား ရဲခေါင်ရောမပါဘူးလား"သူ့ကိုတွေ့တာနဲ့ ရဲခေါင်ကိုမေးသော Alice ထံတွင် ရဲခေါင်သွေးအပေါ်ထားသည့်သံယောဇဉ်အမျှင်တန်းတချို့ရှိနေတာသူတွေ့လိုက်သည်။
" မင်းသူ့ကိုတွေ့ချင်သလား
သူအခု Bangkok မှာပဲနေနေတယ်"ရဲခေါင်သွေးဘယ်သူနဲ့ပဲညားညား
သူဝမ်းမြောက်ဝမ်းသာဂုဏ်ပြုမှာဖြစ်ပြီး
ခခလေးနဲ့ လွတ်ဖို့ကအရေးကြီးသည်။" အင်း Alice သူ့ကိုတွေ့ချင်တယ်...
သူရော အိမ်ထောင်တွေဘာတွေကျနေပြီလား"မရဲတရဲမေးတဲ့စကားအဆုံးမျှော်လင့်ချက်တွေကိုမြင်လိုက်ရတာမို့ Naltapuk ဟာ လှိုက်ခနဲပျော်မိသွားသည်။
" မကျသေးဘူး
သူကအခုထိ Alice ကိုသတိရနေတုန်းပဲ
Alice ကရော"
" Alice က အိမ်ထောင်ရေးအဆင်မပြေလို့ Divorcedလုပ်လိုက်ပြီ"Alice ဟာ သူ့အမေးကို တည်ငြိမ်စွာဖြေပြီး
အားတင်းကာပြုံးပြသည်။ဘယ်လိုပဲဖြစ်ဖြစ် Alice ဟာ ရဲခေါင်သွေးနဲ့တွဲခဲ့တဲ့ မိန်းကလေးထဲတွင် အမြဲဆုံးဖြစ်ခဲ့တဲ့သူဖြစ်တာမို့
ရဲခေါင်သွေးဘက်မှာလည်းသံယောဇဉ်တွေရှိဖို့မျှော်လင့်သည်။သို့ပေမဲ့ ရဲရဲတော့မမျှော်လင့်ရဲ
မြက်နုကြိုက်နေတဲ့နွားအိုဟာ
ကောက်ရိုးပြန်ကျွေးရင်စားချင်မှစားတော့မှာမလားသူ့အတွက်တော့ Alice ကို
ရောက်မဲ့ရောက် ကူးတို့ရောက်အောင်ပို့ရမှာတာဝန်ပဲမို့ ရဲခေါင်သွေးရဲ့ လိပ်စာ ဖုန်းနံပါတ်အားလုံးကို
သဒ္ဒါထက်သန်စွာပေးလိုက်တော့သည်။
ESTÁS LEYENDO
Daddy Aesthetic (Daddyဗေဒ)
RomanceဒီFic လေးမရေးခင်ကတည်းက Character လေးတွေကိုတော့ တချို့reader လေးတွေအတွက်ရင်းနှီးပြီးသားဖြစ်နေမှာပါ ဟုတ်ပါတယ် Da Da နဲ့ခခပါ ❤️❤️❤️ Da Da နဲ့ခခကိုမျှော်နေတဲ့ reader လေးတွေအတွက် Daddy Aesthetic လေးကိုရေးဖြစ်တာပါ