နားထဲမှာ "တတီတီ" ကြားနေရသောအသံသည်
သွေးခုန်နှုန်းတိုင်းမော်နီတာမှအသံဖြစ်သည်နှာခေါင်းထဲဝင်လာတဲ့ဆေးနံ့စူးစူးသည်လည်း
သူသိပ်မုန်းတဲ့အနံ့ဖြစ်၏။မူးနောက်ရီဝေနေတဲ့ ခေါင်းတွေကြောင့် မျက်လုံးကိုချက်ချင်းမဖွင့်ပဲဆက်မှိန်းနေခဲ့သည်။
" သတိရပြီလား"
ခပ်တိုးတိုးမေးသောအသံသည်ဝေးလိုက်နီးလိုက်ဆိုပေမဲ့ ငစိုင်းအသံမှန်းသိသည်။
" ငါ... အခုသေသွားရင်ပိုကောင်းမယ်"
" ဟေ့ကောင် နမိတ်မရှိနမာမရှိကွာ"
မျက်လုံးကိုအားယူဖွင့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းသူ့ဘေးနားမှာခလေးမရှိတော့ပါ
" ခလေး... သူ့အိမ်သူပြန်သွားပြီလား"
" အေး" သူ့မေးခွန်းကို ငစိုင်းကသက်ပြင်းချသံနှင့်အတူရောနှောရင်းဖြေသည်။
" သတင်းကောင်းနှစ်ခုသတင်းဆိုးတစ်ခုရှိတယ်
သတင်းကောင်းက ငါမင်းအတွက်ရှေ့နေငှားပေးထားတယ် ပြီးတော့
မင်းဦးခေါင်းကကြီးကြီးမားမားထိခိုက်တာမရှိဘူး
သတင်းဆိုးကမင်းကိုတရားစွဲထားတာတွေတစ်ပုံကြီးပဲ"သတိရရချင်းကြားရတဲ့သတင်းတွေဟာ
ထာဝရသာပြန်အိပ်မောကျချင်မိတော့သည်။"အေး ငါ့ကို ကူညီလို့ ငခွန်မင်းကို စိတ်ကောက်နေဦးမယ်"
" ကောက်ကောက်ကွာ
သူ့မှာကသူ့မိန်းမရှိတယ်
မင်းမှာကျဘယ်သူမှမရှိဘူး"" အဟက်"
" ရယ်နိုင်သေးတာလား"
ရုတ်တရက်ထရယ်လိုက်သော ရဲခေါင်သွေးကို ငစိုင်းဟာပေါက်သွားပြီလားဆိုသောမျက်လုံးနဲ့ကြည့်သည်။
" ရှေ့နေလည်းငှားမနေပါနဲ့တော့ကွာ ဆွဲချင်တဲ့အမှုနဲ့ဆွဲ ကျချင်သလိုကျပြီး
ဖြစ်ချင်ရာဖြစ်ရေစုန်မျောလိုက်တော့မယ်
ဘဝကအဓိပ္ပာယ်မှမရှိတာ ဆက်ပြီးကြိုးစားရုန်းကန်ရတာပင်ပန်းနေပြီ"
VOCÊ ESTÁ LENDO
Daddy Aesthetic (Daddyဗေဒ)
RomanceဒီFic လေးမရေးခင်ကတည်းက Character လေးတွေကိုတော့ တချို့reader လေးတွေအတွက်ရင်းနှီးပြီးသားဖြစ်နေမှာပါ ဟုတ်ပါတယ် Da Da နဲ့ခခပါ ❤️❤️❤️ Da Da နဲ့ခခကိုမျှော်နေတဲ့ reader လေးတွေအတွက် Daddy Aesthetic လေးကိုရေးဖြစ်တာပါ