Chapter 8🦁🐶

165 14 14
                                    

ခေါင်းစဥ်မသိတော့ဘူး🙂

Unicode

နောက်ရက်ကျတော့Ericကျောင်းစအပ်ရမဲ့နေ့ကိုရောက်ရှိလို့လာခဲ့ပါပြီ။ဒါကြောင့်Ericလည်းအိပ်ယာမှအနည်းငယ်စောထကာရေမိုးချိုးအဝတ်အစားလဲပြီးသွားတော့အောက်ထပ်ကိုဆင်းလာလိုက်သည်။မနေ့ညကဖြစ်ပျက်ခဲ့သည်များကိုလည်းပြန်တွေးကာသူSangyeonအပေါ်အားနာမိသယောင်။သူ့ကိုချစ်လည်းမချစ်ပါဘဲလက်ထပ်ထားရပြီးတော့အခုလိုမျိုးတာဝန်ယူရသည်မှာSangyeonအတွက်တော့လွယ်ကူနေမည်မဟုတ်ချေ။

မနေ့ညကလည်းသူ့ကိုအားကိုးလို့ရတယ်ဟုပြောလာတော့Ericရင်ထဲနွေးကနဲတောင်ဖြစ်သွားသည်။ဒီလိုသူစိမ်းတစ်ယောက်ကသူ့အား အားကိုးလို့ရပါတယ်လို့မှမပြောဘူးပဲ။ဒီနေ့လည်းSangyeonကိုယ်တိုင်ကျောင်းလိုက်အပ်ပေးမှာဆိုတော့Ericစိတ်ထဲပျော်သယောင်ယောင်။အားကိုးလို့ရပြီဆိုသောစိတ်ကလေးဖြင့်။

Ericလည်းအောက်ထပ်ကိုဆင်းလာရင်းလှေကားနားရောက်တော့ဧည့်ခန်းထဲမှာSangyeonကဖုန်းပြောနေသည်။သူ့ကိုကျောပေးထားသည့်အတွက်ကြောင့်Ericကိုတော့မမြင်သေးချေ။

"ဟယ်လို.....အတွင်းရေးမှူးKimဒီနေ့မနက်meetingရှိတာနေ့လည်ရွှေ့ပြီးပြီမလား"

တစ်ဖက်မှအတွင်းရေးမှူးကဘာပြန်ဖြေလည်းတော့မသိပေမဲ့Sangyeonချက်ချင်းဒေါသထွက်သွားသည်။

"ဘာ!!!ငါမင်းကိုမနေ့ကပြောခဲ့တယ်လေငါဒီနေ့အရေးကြီးကိစ္စတစ်ခုရှိလို့Meetingကိုနေ့လည်ရွှေ့လိုက်ပါလို့"

Ericဆင်းလာနေရင်းနဲ့ခြေလှမ်းများတောင်တုံ့ခနဲရပ်သွားသည်။

"အေး...အဲ့ဘက်လူတွေကိုပြောလိုက်ငါ့ကိုနေ့လည်ထိစောင့်နိုင်ရင်စောင့်မစောင့်နိုင်ရင်လည်းစာချုပ်လာမချုပ်နဲ့လို့"

ဟုပြောပြီးဖုန်းချလိုက်သည်။Sangyeonလည်းအနောက်ကိုလှည့်လိုက်တော့Ericကလှေကားအရင်းနားမှာရပ်နေလေသည်။ဒါကြောင့်Ericများကြားသွားသလားဆိုသည့်စိတ်ကစိုးရိမ်လို့လာသည်။

Ericကတော့Sangyeonရှေ့ကိုသွားပြီး

"ဦးSang...မအားဘူးလားဟင်"

Daddy's Puppy - Sangric (Complete)Where stories live. Discover now