Chapter 9🦁🐶

167 14 8
                                    

ဦးSangအားစချစ်မိခြင်း
~~~~~~~~~~~~~~~~~~~~~

Unicode


ညနေကျောင်းဆင်းချိန်ရောက်တော့လည်းSangyeonကိုယ်တိုင်Ericကိုလာကြိုပေးသည်။ဘယ်လောက်ပဲအလုပ်များပါစေဒီလောက်ကတော့Ericအတွက်သူအချိန်ပေးရမည်လေ။

"Ericတို့ကတော့မိုက်တယ်ကွာ......မင်းလူ​ကြီးကအားကိုးရသားပဲ"

"Eric!!"

Sunwooပြောတာကိုပြန်ရန်တွေ့မယ်ကြံခါမှကျောင်းပေါက်ဝကနေလှမ်းခေါ်လိုက်သည့်သူကြောင့်Ericလှည့်ကြည့်လိုက်တော့Sangyeonကိုတွေ့လေသည်။

"ဦးလာကြိုတာလား"

"ဟုတ်တယ်လေကိုယ်မပြောခဲ့ဘူးလားလာကြိုပါ့မယ်လို့"

"ဦးSangအားကောအားရဲ့လားမနက်ကလိုထပ်ပြီးအလုပ်ဖျက်လာတာတော့မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူးကိုယ်ညနေအလုပ်ဆင်းပြီးလာကြိုတာ"

"အော်.....ဒါဆိုSunwooငါသွားပြီနော်"

"အေးအေး....မင်းလူကြီးရောက်လာပြီဆိုတော့ငါ့ကိုပလစ်ပြီပေါ့"

ဆိုကာSangyeonရှေ့မရှောင်ဘာမရှောင်စနေသောSunwooအားEricလက်သီးလေးထုတ်ပြလိုက်သည်။ဒါကိုငနဲသားကမျက်စိတစ်ဖက်မှိတ်ပြသွားသေးသည်။

"ဦးSangစိတ်ထဲမထားနဲ့နော်.....ဒီကောင်ကအဲ့လိုပဲပြောချင်ရာလျှောက်ပြောတာမူမမှန်ဘူး"

"ဟဟ....အင်းပါ"

အိမ်ကိုပြန်နေရင်းSangyeonမှ

"Ericဒီနေ့ကျောင်းတက်ရတာဘယ်လိုလည်း"

"အဆင်ပြေပါတယ်"

"ကျောင်းမှာလိမ်လိမ်မာမာနေနော်....ရန်တွေဘာတွေလည်းမဖြစ်နဲ့သိလား"

"ဟုတ်ကဲ့ပါ.....ဦးSangကလည်းမသိရင်ကျွန်တော်က ကလေးလေးကျနေတာပဲ"

"ကိုယ့်မျက်လုံးထဲမှာတော့Ericက ကလေးလေးပဲလေ"

Lee Sangyeonဆိုသည့်လူသားကဘာသားနဲ့ထုထားတာလည်းတော့မသိပေမဲ့ပြောလိုက်သည့်စကားလုံးတိုင်းလိုလိုကEricကိုရင်ခုန်စေတာအမှန်ပင်။ခုလည်းသူ့ကိုကလေးလို့ပြောလိုက်တာလေးကလည်းတစ်မျိုးလေးသူ့အတွက်ကြည်နူးရပြန်သည်။Sangyeonကအဲ့လိုပြောတော့သူကလေးလုပ်ပြီးတောင်Sangyeonအပေါ်ဆိုးချင်သွားသည်။

Daddy's Puppy - Sangric (Complete)Where stories live. Discover now