Chapter 17🦁🐶

165 14 13
                                        

First time Dinner Date
~~~~~~~~~~~~~~~~~~~~~~~

Unicode

မနက်မိုးလင်းတော့အရင်ဆုံးနိုးထလာသူမှာSangyeonပင်ဖြစ်သည်။နိုးနိုးလာချင်းရင်ခွင်ထဲကအကောင်ပေါက်လေးကြောင့်သူ့ရဲ့မနက်ခင်းဟာအပြုံးလေးနှင့်ပင်စတင်ခဲ့သည်။ရင်ဘတ်ကအင်္ကျီစလေးကိုဆွဲ ခေါင်းလေးကိုရင်ခွင်ထဲပုံအပ်ထားပြီးသူ့တစ်ကိုယ်လုံးကိုခွထားကာအိပ်နေသည့်Puppyပေါက်လေးဟာSangyeonရဲ့ချစ်လှစွာသောEricလေး။

မနေ့ညကဖြစ်ပျက်သည်များကိုပြန်တွေးရင်းသူ့ဘယ်လောက်တောင်Ericလေးကိုနာကျင်စေခဲ့မိပါလိမ့်။အမှန်ဆိုသူကနေရာကောင်းလေးတစ်ခုမှာDateဖို့ခေါ်ပြီးပဲဖြစ်ဖြစ်အရင်ဖွင့်ပြောရမှာကိုအခုတော့အထင်လွဲမှုတစ်ခုကြောင့်Ericလေးကရင်နာနာနဲ့ဖွင့်ပြောခဲ့ရသည်။

ရင်ခွင်ထဲကEricလေးရဲ့ခေါင်းလေးကိုခပ်ဖွဖွသပ်ပေးရင်းဒီကောင်လေးဘယ်အချိန်ကတည်းကသူ့ကိုချစ်နေမိတာလည်းဆိုတာSangyeonသိချင်မိသည်။မနေ့ညကသူနမ်းတော့ရှက်နေသည့်Ericရဲ့မျက်နှာလေးကိုပြန်တွေးရင်းSangyeonတစ်ယောက်သဘောကျစွာပြုံးမိပြန်သည်။

သူကလည်းနည်းနည်းစိတ်မထိန်းနိုင်ဘဲဖိနမ်းမိတော့ကလေးကမခံနိုင်ဘူးထင်။သူတွေးနေတုန်းမှာပဲရင်ခွင်ထဲကအကောင်ပေါက်လေးဟာလှုပ်ရွလာပြီးနိုးလာခဲ့သည်။

"ကိုယ့်ရဲ့Puppyလေးနိုးပြီလား"

"အင်း"

အိပ်ချင်မူးတူးအသံလေးနဲ့မျက်လုံးလေးကိုပွတ်နေပုံလေးကတစ်ကယ့်ခွေးပေါက်စလေးအတိုင်းပင်။

"ဦးနိုးနေတာကြာပြီလား"

"ဟင့်အင်း....စောနလေးတင်ကမှပါ"

Sangyeonပြန်ဖြေရင်းEricနှုတ်ခမ်းကိုကြည့်မိတော့နှုတ်ခမ်းလေးကမနေ့ညကသူနမ်းထားတာကြောင့်နီရဲပြီးသွေးစို့နေသည်။အောက်နှုတ်ခမ်းနားလေးမှာလည်းပေါက်ပြဲရာသေးသေးလေး။

"မနေ့ညကကိုယ်နမ်းတာအရမ်းကြမ်းသွားလို့ထင်တယ်.....Ericနှုတ်ခမ်းလေးသွေးစို့နေတယ်"

"ဟင်....တစ်ကယ်ကြီးလား"

"အင်း....."

"ထားပါ....ကျွန်တော်မေးစရာရှိတယ်"

Daddy's Puppy - Sangric (Complete)Where stories live. Discover now