Chapter 14🦁🐶

157 14 14
                                    

ဦးSangအကြောက်ဆုံးအရာ
~~~~~~~~~~~~~~~~~~~~~~


Unicode

"Puppyလေး......ထတော့ကျောင်းသွားရမယ်လေ"

SangyeonမှEricအားမနက်ခင်းလာနိုးနေခြင်းဖြစ်သည်။စောင်တစ်ခြားလူတစ်ခြားဖြစ်ကာကုတင်ပေါ်မှာဖြဲကားပြီးအိပ်နေပါသော်လည်းSangyeonမျက်လုံးထဲတွင်တော့အလွန်ပင်ချစ်ဖို့ကောင်းနေသည်။ဒါကြောင့်Ericအိပ်နေသည့်ကုတင်ဘေးစောင်းလေးနားသို့သွားလိုက်ပြီးနိုးလိုက်သည်။

"Puppyလေး......ထတော့လို့"

"ဟင်........ခနလေး...ဦး....ငါးမိနစ်ပေးအိပ်"

အိပ်ပျော်နေရာကတော့နိုးလာ​ပါရဲ့။မျက်လုံးလည်းမဖွင့်ဘဲပါးစပ်ကနေဗလုံးဗထွေးနဲ့ငါးမိနစ်ပေးအိပ်ခိုင်းနေသည့်Ericလေးရယ်ပါ။ဒီလိုအပြုအမူသေးသေးလေးတွေကအစကလေးလေးတစ်ယောက်နှယ်ချစ်ဖို့ကောင်းနေသည့်EricလေးအားSangyeonထပ်ပေးအိပ်ချင်ပါသော်လည်းကျောင်းသွားရမှာဖြစ်သည့်အတွက်ကြောင့်အလိုလိုက်ပေးလို့တော့မရချေ။

ဒါကြောင့်စောင်းအိပ်နေသည့်Ericရဲ့နားရွက်လေးနားကိုတိုးသွားလိုက်ပြီးလေအသာလေးမှုတ်လိုက်သည်။Ericတစ်ယောက်ကတော့အိပ်နေရင်းတန်းလန်းသူ့နားရွက်ကိုလေငွေ့လာထိရိုက်သောကြောင့်အိပ်နေရာမှာလန့်နိုးလာပြီးအဲ့တော့မှပဲမျက်လုံးပွင့်လာသည်။နိုးနိုးချင်းမြင်လိုက်ရသည်ကသူ့ရဲ့နှစ်ယောက်မရှိသည့်ချစ်ရပါသောဦးSang။

"ဦး....ဘာလုပ်တာလည်း"

"မထသေးလို့လေ..........ကဲထပြီးမြန်မြန်ပြင်ဆင်တော့အောက်မှာမနက်စာစားရအောင်"

"ဟုတ်ကဲ့ပါ"

ဆိုပြီးမျက်လုံးလေးပွတ်ကာအိပ်ယာပေါ်မှာထိုင်ကာသမ်းနေသေးသည်။

"Eric....မထသေးရင်ကိုယ်ချီပြီးခေါ်သွားရမှာလား"

အဲ့လိုပြောလိုက်တော့လည်းအကောင်ပေါက်လေးကမထ။အမှန်ကEricအချီခံချင်၍သာ။

ဘယ်လောက်ပဲအချီခံချင်၍ပေတေပြီးထိုင်နေပါသော်လည်းအရိပ်ပြရင်အကောင်မမြင်တတ်တဲ့သူ့ရဲ့ချစ်ယောကျာ်းကြီးကတစ်ချက်ပြုံးပြကာအခန်းထဲမှထွက်သွားသောကြောင့်ကျန်ခဲ့သည့်Ericလေးကတော့ဘေးနားကခေါင်းအုံးကိုသာစိတ်တိုတိုနဲ့တံခါးဆီလှမ်းပေါက်လိုက်မိသည်။

Daddy's Puppy - Sangric (Complete)Where stories live. Discover now