The wedding day
~~~~~~~~~~~~~~~~~~Unicode
နောက်ဆုံးတော့နေရင်းထိုင်းရင်းSangyeonနဲ့Ericတို့ရဲမင်္ဂလာပွဲနေ့လေးကိုရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။Ericကလည်းအထက်တန်းကိုဂုဏ်ထူးနဲ့အောင်ခဲ့သည်။စီးပွားရေးတက္ကသိုလ်ကိုတောင်ပထမနှစ်တက်ဖို့အတွက်ပြင်ဆင်နေပြီဖြစ်သည်။ဒါကြောင့်မင်္ဂလာပွဲနေ့ကိုပထမနှစ်မတက်ခင်ကြိုစောလုပ်လိုက်ခြင်းဖြစ်သည်။ဒီနေ့မင်္ဂလာဆောင်ရတော့မှာဆိုတော့Ericတို့တစ်ခါမှမထဖူးတဲ့အချိန်ငါးနာရီကိုထနေရသည်။ပြင်ဖို့ဆင်ဖို့ကလည်းရှိသေးတယ်လေ။ဒါပေမဲ့ဒီလိုအစောကြီးထပြီးပြင်ဆင်ရအောင်သူကသတို့သမီးမှမဟုတ်ဘဲ။ဒါပေမဲ့လည်းအစောပြင်ဆင်ရမယ်ဆိုသောOmmaစကားကြောင့်သူ့မှာအိပ်စုံမှုန်မွှားနဲ့ထလာလိုက်ရသည်။
ဒီလိုနဲ့Ommaတို့ခေါ်ထားတဲ့မိတ်ကပ်ဆရာမကEricအားအစအဆုံးသေချာပြင်ဆင်ပေးနေသည်။သူ့ကိုလည်းလိမ်းနေတဲ့မိတ်ကပ်တွေကဘယ်နှစ်ထပ်မှန်းမသိတော့ချေ။ပြီးကိုမပြီးသေးတာတော့သေချာသည်။နာရီဝက်လောက်ကျတော့သူ့နှုတ်ခမ်းပေါ်မှာအဆီလေးလိမ်းပြီးအလှပြင်ခြင်းလုပ်ငန်းပြီးဆုံးလေသည်။
ပြီးတော့သူနဲ့Sangyeonတို့အတူတူသွားရွေးခဲ့ကြတဲ့ဝတ်စုံလေးထဲကမှတစ်စုံကိုOmmaယူလာပေးသဖြင့်သူလည်းလဲဖို့ပြင်လိုက်သည်။လဲလည်းလဲပြီးသွားတော့သူ့ကိုယ်သူမှန်ထဲမှာကြည့်ရင်းတော်တော်ချောပါလားလို့တွေးမိလိုက်သည်။ဟုတ်လည်းဟုတ်သည်။တစ်ခြားသူတွေမင်္ဂလာဆောင်ရင်အဖြူနဲ့အနက်ပဲဝတ်တာများပေမဲ့သူကပန်းရောင်ဝမ်းဆက်လေးနဲ့ဆိုတော့တစ်မူထူးခြားစွာကြည့်ကောင်းနေသည်။
"WoW I'm so handsome"
ဒါသူ့ကိုယ်သူမှန်ထဲမှာကြည့်ရင်းနောက်တစ်ခေါက်ရေရွတ်လိုက်ခြင်းဖြစ်သည်။ဒါကိုဘယ်အချိန်ကတည်းကအခန်းထဲရောက်နေမှန်းမသိတဲ့ငနဲသားလေးSunwooက
"မင်းချောတာငါ့မမှီသေးပါဘူးကွာ....."
"မင်းဘယ်ကတည်းကငါ့အခန်းထဲရောက်နေတာလည်း"
YOU ARE READING
Daddy's Puppy - Sangric (Complete)