ကလေးဆိုးလေး
~~~~~~~~~~~~~~~~Unicode
"CEO Leeရှင့်သူငယ်ချင်းတစ်ယောက်လာတွေ့ပါတယ်"
"အော်အေး....ခေါ်ခဲ့လိုက်ပါ"
ခနကြာတော့သူ့ရုံးခန်းထဲသို့ရောက်လာသည့်သူငယ်ချင်းKevin။
"ဘာလာလုပ်တာလည်းမင်းက"
"ငါ့သူငယ်ချင်းကြီးအခြေအနေလာမေးတာပေါ့ကွ.....ဘယ်လိုလည်းမင်းBabyလေးနဲ့"
"မင်းကတော့အတွေးလွန်နေပါပြီ.....ငါတို့ကဘာမှမဖြစ်ဘူး"
"ဟာ.....ဖြစ်ရမှာလေမင်းတို့ကယူပြီးသွားပြီကို"
"ဟျောင့်....ဟိုကကလေးပဲရှိသေးတယ်မင်းဘာတွေတွေးနေတာလည်း"
"မင်းတို့တစ်ကယ်ဘာမှမဖြစ်သေးကြဘူးလား"
"ဘာကိုဖြစ်ရမှာလည်းငါပြောပြီးပြီးပဲငါတို့ကချစ်လို့လက်ထပ်တာမဟုတ်ပါဘူးဆိုနေ"
"ဟင့်......မင်းနေရာမှငါသာဆိုလို့ကတော့ကွာ.....အဲ့Babyလေးကို....."
"ဘာလုပ်မှာတုန်းပြော......"
"မင်းBabyလေးကို........"
ဟုဆိုကာသူ့အနားကိုကပ်လာပြီးKevinက
"အားရပါးရစားပစ်မှာ"
"အေး....ငါ့လက်သီးကလည်းလူမရွေးဘူးနော်သူငယ်ချင်းတွေဘာတွေတွေးမနေဘူး"
"ဟဟ.......ပြောတော့မချစ်ဘူးဆို"
"မဆိုင်ဘူးလေအဲ့တာနဲ့က....ငါကEricကိုညီလေးတစ်ယောက်လိုပဲချစ်တာလို့ပြောပြီးပြီ"
"အေးပါအေးပါ......ဒါပေမဲ့မင်းမှတ်ထားနော်အစားကိုသာကုန်အောင်စား စကားကိုတော့ကုန်အောင်မပြောနဲ့တဲ့"
ဒီလိုနဲ့Sangyeonလည်းKevinနဲ့စကားပြောနေတုန်းသူ့ဆီသို့ဖုန်းဝင်လာလေသည်။ဖွင့်ကြည့်လိုက်တော့Ericကျောင်းကကျောင်းအုပ်ရဲ့ဖုန်းနံပါတ်ဖြစ်နေသည်။ဒါကြောင့်Sangyeonလည်းဘာဖြစ်လို့များပါလိမ့်ဆိုပြီးကိုင်လိုက်သည်။
"ဟယ်လို...........ဗျာ!!!!!"
ဖုန်းပြောပြီးလန့်သွားသည့်Sangyeonကြောင့်Kevinတောင်တစ်ချက်စိုးရိမ်သွားသည်။
YOU ARE READING
Daddy's Puppy - Sangric (Complete)