Chapter 15🦁🐶

152 12 12
                                    

(A/N- Mollyရှေ့အပိုင်းမှာပြောဖို့ကျန်ခဲ့လိုပါ။ဒီficထဲကRichardက ကိုယ်တိုင်ဖန်တီးထားတဲ့ဇာတ်ကောင်ပါနော်။အစကတော့RichardနေရာမှာJuyeonကိုထည့်မလို့စဥ်းစားထားပေမဲ့စိတ်ပြောင်းသွားလို့ကိုယ့်ဟာကိုတစ်ယောက်ဖန်တီးလိုက်တာပါ😇)
___________________________________________

မီးပျက်သောညလေးတစ်ည
~~~~~~~~~~~~~~~~~~~~~~~~~


Unicode

"အန်တီရေ........သားကူပေးမယ်လေ"

အိမ်အကူအန်တီကြီးမှခြံထဲကအပင်တွေရေလောင်းနေတာမြင်တော့Ericလေးတစ်ယောက်ဘေးနားသွားကာမေးနေခြင်းဖြစ်သည်။သူရေလောင်းကူချင်လို့မဟုတ်မှန်းအန်တီကြီးသိပါသည်။

"အမလေး.....ရေလောင်းကူမှာလား...ရေဆော့မှာလား"

"ဟဲဟဲ.........နှစ်ခုလုံး"

"မလုပ်ပါနဲ့သားရယ်.......နေလည်းနည်းနည်းပူနေတုန်း သားရေဆော့ရင်အပူရှပ်ပြီးဖျားမှာပေါ့အဲ့လိုဆိုအကိုလေးSangyeonကလည်းအန်တီ့ကိုဆူလိမ့်မယ်"

"ဟာ.....ရပါတယ်အန်တီကလည်း ဦးကိုသားပြောမှာပေါ့....နော်.....ပေးဆော့ပါနော်"

Ericကသူ့အကျင့်အတိုင်းagyeoတွေထုတ်သုံးပြနေပါပြီ။ဒီနေ့ညနေပိုင်းအတန်းလည်းမရှိတာမို့Ericတစ်ယောက်ပျင်းပျင်းရှိတာနဲ့ဂိမ်းဆော့နေတုန်းပြတင်းပေါက်ကနေအန်တီကြီးအပင်ရေလောင်းနေတာကိုမြင်သွားခြင်းဖြစ်သည်။အရင်အိမ်တုန်းကဆိုရေကူးကန်ရှိတာမလို့Ericတစ်ယာက်ရေကူးကန်ထဲမကြာခနဆိုသလိုရေဆော့လေ့ရှိသည်။ဒါပေမဲ့ဒီအိမ်ရဲ့ရေကူးကန်ကသန့်ရှင်းရေးမလုပ်ရသေးတော့Ericတစ်ယောက်ရေမဆော့ရသည်မှာတောင်အတော်ကြာနေပြီဖြစ်သည်။ဒါကြောင့်ရေလောင်းကူမလိုလိုဘာလိုလိုနဲ့ရေဆော့ဖို့အကြံထုတ်ခြင်းသာ။

Ericရဲ့Agyeoတွေကိုဘယ်သူမှမခံနိုင်ဘူးထင်ပ။ခုတောင်အန်တီကြီးဘေးနားမှာရေဆော့ချင်လို့အတင်းpuppyပေါက်လေးလို့လုပ်ကာတောင်းဆိုနေသောEricလေးအားအန်တီကြီးမှာကြည့်ပြီးသဘောကျရပြန်ပါသည်။

"Aigooo.......Ericလေးကဒီလိုတွေချစ်ဖို့ကောင်းနေလို့လည်းအကိုလေးSangyeonကတုန်နေအောင်ချစ်တာပေါ့"

Daddy's Puppy - Sangric (Complete)Where stories live. Discover now