ပထမဆုံးတွေ့ဆုံခြင်း
~~~~~~~~~~~~~~~~~~~~~Unicode
"ကျွန်တော့်ကိုဆေးလိပ်တစ်ဘူးပေးပါ"
"ဟို....ID cardလေးပြပေးလို့ရမလား"
"ရတာပေါ့.....ဒီမှာပါကျွန်တော့်ID card"
Ericသူ့အိပ်ကပ်ထဲမှID cardကိုထုတ်ကာကောင်တာမှအရောင်းဝန်ထမ်းအားလှမ်းပေးလိုက်သည်။
"အာ......အသက်နှစ်ဆယ်ပြည့်ပြီကိုကျွန်တော်ကမပြည့်သေးဘူးထင်နေတာဒါဆိုဆေးလိပ်ဘူးပေးပါ့မယ်နော်"
"ဟုတ်ကဲ့"
ဟုဆိုကာအရောင်းဝန်ထမ်းပြန်ပေးသည့်ID cardအားလှမ်းယူလိုက်ပေမဲ့တစ်ခြားသူရဲ့လက်ထဲသို့ဖြတ်ခနဲဆွဲလုခြင်းခံလိုက်ရသည်။Ericလည်းသူ့ID cardအားယူသွားသည့်ဘေးကလူကိုကြည့်လိုက်သည်။
"ဒီလိုID cardအတုတွေလုပ်ဖို့ဘယ်လောက်တောင်ပေးလိုက်ရတာလဲ"
Suitအနက်ရောင်ဝမ်းဆက်ဝတ်ထားပြီးအသက်30အရွယ်လောက်ရှိသည့်လူတစ်ဦးမှEric ID cardအားသေချာကြည့်နေရင်းပြောလိုက်သည်။
"ဘာ....ဘာကိုပြောတာလဲဦးလေးကြီးကျွန်တော်တစ်ကယ်အသက်နှစ်ဆယ်ပြည့်ပါပြီနော်"
"ဟုတ်လို့လား"
"ဟုတ်ပါတယ်ဆိုကျွန်တော့်ID cardပြန်ပေး"
Sangyeonတစ်ယောက်သူ့ရှေ့ကအသက်နှစ်ဆယ်ပြည့်ပါပြီလို့ပြောနေသည့်ကလေးပေါက်စနကြောင့်ရယ်ချင်မိသည်။လူကြည့်တော့သေးတိသေးညှောင့်။အုပ်အုပ်လုံးလုံးဆံပင်ကေနဲ့။ပြီးတော့ဝတ်ထားသည့်zip up hoodieနဲ့ကလေးလေးကိုအသက်နှစ်ဆယ်ပြည့်ပြီဆိုတာကိုLee Sangyeonတို့ကယုံမလားတဲ့။ဒါကြောင့်ရှေ့ကိုတစ်လှမ်းတိုးပြီး
"အသက်ပြည့်ပြီဆိုရင်ဘာလို့ကျောင်းသားဝတ်စုံဝတ်ထားတာလဲ"
ဟုပြောလည်းပြောEricဝတ်ထားသည့်zip up Hoodieကိုအောက်သို့zipဆွဲချလိုက်တော့ပေါ်လာသည့်SOPA highschool uniform shirtလေး။
YOU ARE READING
Daddy's Puppy - Sangric (Complete)