Part (21)

1.1K 107 4
                                    

"ရှောင်းကျန့်"

"ဟင်"

"မင်းအတွက် ဆရာရိပေါ်က အချစ်ဦးမလား"

"မဟုတ်ဘူး"

"ဘယ်သူလဲ"

ရှောင်းကျန့် ကုမင်သွမ့်အမေးကို ပြန်ဖြေရန် တွေးတောလိုက်သည်။သူ့မှတ်ဉာဏ်ထဲမှာ အချစ်ဦးဆိုသူအကြောင်း မှတ်မိပေမဲ့ ရုပ်ရည်ကိုတော့ သေချာမမှတ်မိပေ။

"ရှိတယ်....ငါ့အသက်ငယ်ငယ်လေးတုန်းက ကစားကွင်းမှာ တွေ့ခဲ့တဲ့ ရှောင်ကောကောတစ်ယောက်ဘဲ....အခုဆို သူက အသက်၃၀လောက် ရှိနေပြီထင်တယ်"

"မင်းမှာ အချစ်ဦး ရှိရဲ့သားနဲ့ ဆရာရိပေါ်ကို ဘယ်လိုကြိုက်သွားတာလဲ"

"ဆရာရိပေါ်နဲ့ငါ့အကြောင်း ငါသေချာမမှတ်မိပေမဲ့ သေချာတာကတော့ ငါတို့ တွေ့ဆုံတာက ကံတရားဘဲ...အိမ်မက်တစ်ခုလို ငါ့အနားရောက်လာပြီး ငါက သူ့ကိုချစ်မိသွားဖို့က နဂိုထဲက သတ်မှတ်ခဲ့ပြီးသားဖြစ်မယ်"

"ရှောင်းကျန့်....အချိန်တွေကို ပြန်လှည့်လို့ရရင် မင်းဆရာရိပေါ်ကို ချစ်ဦးမှာလား"

"အွန်း..."

"ဘာကြောင့်လဲ....သူ့ကြောင့် မင်းနာကျင်ဖူးတယ်လေ...ပြီးတော့ သူက playboyတစ်​ယောက်....မင်းကို တကယ်ချစ်ခဲ့တာကော ဟုတ်ပါ့မလား"

"သူငါ့ကို ချစ်ခဲ့သည်ဖြစ်စေ မချစ်ခဲ့သည်ဖြစ်စေ အရေးမကြီးပါဘူး...လူတိုင်းက ကိုယ့်ချစ်ရတဲ့သူ ကိုယ့်ကို ပြန်ချစ်တာကို လိုချင်ကြတယ်...ဒါပေမဲ့ တခါတလေတော့ သူကိုယ့်ကိုမချစ်ရင်တောင် သူကိုယ့်အနားရှိစေချင်မိတယ်...သူငါ့အနားမှာ ရှိနေသရွေ့ သူငါ့ကိုချစ်ချစ်မချစ်ချစ် အရေးမကြီးဘူး...သူက ငါ့ကို နာကျင်စေခဲ့ရင်တောင် ငါကတော့ သူ့ကို ချစ်နေဦးမှာဘဲ...ဘာကြောင့်လဲဆိုတော့ ငါ့အတွက် လူတစ်ယောက်ကို ချစ်မိဖို့က အရမ်းကို မလွယ်ကူဘူး...အဲ့သလိုဘဲ မေ့ပစ်ဖို့ဆို ပိုတောင်ဆိုးသေးတယ်...အဲ့တာ​ကြောင့် အချိန်တွေ ပြန်လှည့်လို့ရရင်တောင် ငါက သူ့ကိုဘဲ ချစ်မိဦးမှာ"

"မင်းက အချစ်တတ်ဆုံးဆိုတဲ့ဘွဲ့ကို ခံယူထိုက်တယ်"

"မဟုတ်ပါဘူး...ဒါက တစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားရင် လူတိုင်း ငါ့လိုမျိုးပါဘဲ....မင်းလည်း ရီထုံကို ငါ့လိုမျိုး ချစ်တယ်မဟုတ်ဘူးလား"

ဒုဓလီပန်းလေးသာ ဖြစ်ချင်မိပါသည်(Completed)Where stories live. Discover now