Part (3)

1.4K 171 7
                                    

"ရှောင်းကျန့်......နင်ဒီနေ့ ငါနဲ့ပါတီတစ်ခုကို လိုက်ခဲ့ရမယ်"

အမေရှောင်းဟာ သူမရှေ့မှာ အမူအရာမပါဘဲ ထိုင်နေတဲ့ ရှောင်းကျန့်အား ပြောလိုက်သည်။

"ကျွန်တော့်မှာ အိမ်စာတွေ ရှိသေးတယ်"

"မင်းမှာ ငြင်းခွင့်မရှိဘူး.....ပြီးတော့ ဒီနေ့ပွဲက အရမ်းအရေးကြီးတယ်...ငါ့ကို အရှက်မခွဲနဲ့"

အမေရှောင်းတစ်ယောက် ရှောင်းကျန့် ပြန်ပြောမှာကိုပင် မစောင့်ဘဲ ထွက်သွားတော့သည်။ကြီးမားလှတဲ့အိမ်ကြီးထဲမှာ သူတစ်ယောက်ထဲသာ ကျန်ခဲ့လေသည်။

အစေခံတွေဟာ ခွင့်ပြုချက်မရှိဘဲ အိမ်ကြီးထဲ မဝင်ရတာမို့ တစ်အိမ်လုံးမှာ ရှောင်းကျန့်သာ ရှိလေသည်။ခြောက်ကပ်နေတဲ့ အိမ်ကြီးက ရှောင်းကျန့်အတွက်တော့ ရင်းနှီးကျွမ်းဝင်နေလေပြီ။

ညနေရောက်တော့ အမေရှောင်းမလာခင်ထဲက ကြိုတင်ပြင်ဆင်ထားလိုက်သည်။သူမရဲ့ကားရောက်တာနဲ့ အနောက်ခန်းထဲကို ဝင်ရန်ပြင်လိုက်စဥ် ကားထဲက ရီသံသဲ့သဲ့ကို ကြားလိုက်ရသည်။

ကားမှန်ချထားတာမို့ ကြည့်လိုက်တော့ သူမရဲ့ဘေးမှာ သူမသိပ်ချစ်ရတဲ့ တူဖြစ်သူ ပါရှိနေလေသည်။အမေရှောင်းဟာ သူ့အကိုရဲ့သားဖြစ်တဲ့ တူဖြစ်သူ ရီထုံကို သူ့ထက် ပိုချစ်လေသည်။

ထို့ကြောင့် အလိုက်တသိနဲ့ အရှေ့မှာသာ ဝင်ထိုင်လိုက်သည်။ကားထဲထိုင်ပြီးနောက် ကြားလိုက်ရတာကတော့...

"အိုး....ထုံထုံလေး..... စာတွေလုပ်နေရတာမို့ မျက်နှာလေးက ချောင်သွားလိုက်တာ"

"အွန်း.....ကျွန်တော်က စာလုပ်လည်း ကျန့်ကောကို မမှီပါဘူး...ကျန့်ကောက အရမ်းတော်လို့ အဖေက အမြဲချီးကျူးနေတာ...ကျွန်တော့်ကိုဆို တစ်ခါမှ မချီးကျူးဘူး"

"အဆင့်နှစ်ရတာက တော်တာလား....သူ့ကို အားကျမနေနဲ့....ပြီးတော့ ဒေါ်ဒေါ့်ရဲ့ထုံထုံလေးက အတော်ဆုံးဘဲ....စာမလုပ်လည်း ဒေါ်ဒေါ်က ချစ်ပြီးသား"

"ဟုတ်"

သူတို့ပြောနေတာကို ကြားနေရတဲ့ ရှောင်းကျန့်က သူ့ကိုယ်သူ လှောင်ရီမိသည်။သူ့မှာ အပတ်တကုပ် ကြိုးစားတာတောင် ချီးကျူးမခံရသလို ဂရုစိုက်ပေးတာလည်း မခံရဘူး။ဘာကများ သူ့အပေါ် သူ့မိဘတွေကို မချစ်စေရတာလဲ။

ဒုဓလီပန်းလေးသာ ဖြစ်ချင်မိပါသည်(Completed)Où les histoires vivent. Découvrez maintenant