ဝမ်ရိပေါ် စိတ်ညစ်ညစ်နဲ့ သူ့ဆံပင်သူ ဆွဲဖွလိုက်သည်။အလိမ်အညာတွေနဲ့ ချောဆွဲရင် ရနေပါသော်လည်း အမှန်အတိုင်း ပြောမိသည့် ကိုယ့်ကိုယ်ကို အံ့သြမိသည်။
သူက ရီထုံကိုလိုက်ဖို့ ဒီကျောင်းကို ရောက်လာသော်လည်း ရီထုံထက် သူ့ဝမ်းကွဲဖြစ်သည့် ရှောင်းကျန့်ကို ပိုစိတ်ဝင်စားမိသွားသည်။
ထို့ပြင် ရှောင်းကျန့်လို နွေးထွေးမှုလေး တစ်ခုလောက် ပြရုံလောက်နဲ့ ကိုယ့်ဘက်ပါလာမည့်သူမျိုးကို သူပိုနှစ်သက်သည်။မိမိလိုရာ ပုံသွင်းလို့ရမည့် ဖယောင်းအရုပ်မျိုးလေး ဖြစ်သည်။
အခုတော့ သူ့ရဲ့ ပစ်မှတ်ကိုဘဲ အာရုံစိုက်မှ ရတော့မည်။ရှောင်းကျန့်ကိုတော့ သူမလှည့်စားနိုင်တော့ပေ။ဘာကြောင့်လဲဆိုတော့ သူတစ်ခါလှည့်စားမိတိုင်း တစ်ခါလိမ်ညာမိတိုင်း သူ့ရင်ထဲမှာ ဘာမှန်းမသိ နာကျင်မိသည်။
အရင်က သူကစားခဲ့သည့် ကောင်လေးတွေကို ဒီလိုမျိုး မခံစားဖူးပေ။ရှောင်းကျန့်နဲ့မှ သူခံစားရတာဖြစ်သည်။အချစ်ဟု သတ်မှတ်လိုက်ချင်ပေမဲ့ သူ့အတွက်တော့ အချစ်ဆိုတာ မလိုအပ်ပေ။
ချစ်မိသွားပြီဆိုရင် လူတိုင်းက ရှုံးတတ်ကြသည်။သူ့ဘဝမှာ အရှုံးဆိုတာ ရှိလာမည်မဟုတ်။ထို့ကြောင့် သူက ဘယ်တော့မှ ချစ်လာမှာ မဟုတ်တော့ပေ။
................ရှောင်းကျန့် အတန်းထဲမှာ စာနားထောင်နေသော်လည်း သူ့နားထဲ စာတစ်လုံးမှ မဝင်ပါ။သူ့အပေါ် ပထမဆုံး နွေးထွေးခဲ့သည့် ဝမ်ရိပေါ်အကြောင်းကိုဘဲ တွေးနေမိသည်။
ဝမ်ရိပေါ်က သူ့ကို ပန်းခင်းထဲ ခေါ်သွားပေးတဲ့သူ၊နှစ်သိမ့်ပေးတဲ့သူ၊ကာကွယ်ပေးတဲ့သူ ဖြစ်သည့်အတွက် သူ့နှလုံးသားထဲက ဝမ်ရိပေါ်နေရာက သူထင်ထားတာထက် ပိုပြီး နက်ရှိုင်းနေသည်။ထို့ကြောင့် ပိုပြီးလည်း ခံစားရသည်။
ကိုယ့်ကိုယ့်ကို မငိုမိစေရန် ထိန်းထားပြီးနောက် အတန်းရဲ့ အရှေ့ဆုံးအတန်းမှာ ထိုင်နေတဲ့ ရီထုံကို ကြည့်လိုက်မိသည်။
သူတို့နှစ်ယောက်က တစ်ခန်းထဲမှာ တက်နေရသော်လည်း တစ်နေ့နေလို့ တစ်ခါတောင် စကားမပြောဖြစ်ပေ။
KAMU SEDANG MEMBACA
ဒုဓလီပန်းလေးသာ ဖြစ်ချင်မိပါသည်(Completed)
Fiksi Penggemarရှောင်းကျန့်"ပျော်ရွှင်မှုဆိုတာကို ကျွန်တော်မသိဘူး.....ပျော်ရွှင်မှုဆိုတာ တကယ်ရော ရှိရဲ့လား" ဝမ်ရိပေါ် "မင်းမှာ မရှိရင် အဲ့ပျော်ရွှင်မှုကို ဖန်တီးလိုက်ပေါ့"