Part (5)

1.3K 152 5
                                    

ရှောင်းကျန့်အတွက် အရင်က ကျောင်းလာရတာဟာ အဓိပ္ပါယ် မရှိခဲ့ဘူး။သူ့လို ရည်မှန်းချက်မရှိတဲ့သူတစ်ယောက်ဟာ ကျောင်းတက်လည်း အသုံးမဝင်ပါ။

အခုတော့ သူ့အတွက် ကျောင်းတက်ဖို့ အကြောင်းအရင်းတစ်ခု ရှိလာလေပြီ။သူ ထိုဝမ်ရိပေါ်ဆိုသူအား ကျောင်းမှာ မြင်နိုင်သရွေ့ သူ့ဘဝဟာ တစ်ခုခု ထူးခြားလာမယ်ဆိုတာ သေချာပါသည်။

သူအတန်းထဲဝင်တော့ သူရှေ့တွင် ကျောင်းသားတစ်ယောက်က ပိတ်ရပ်လိုက်သည်။ထိုကျောင်းသားဟာ သူ့ကို လှောင်ပြောင်သောအကြည့်နဲ့ ကြည့်နေလေသည်။

"ငါ့ရှေ့ကဖယ်"

"ဟက်....ရှောင်းကျန့်....မင်းအခုထိ မာနကြီးတုန်းဘဲနော်.....မင်းရဲ့အမြဲအဆင့်၁ဆိုတာနေရာကို ငါယူခဲ့တာတောင် မင်းက မာန်မလျှော့ဘူးဘဲ"

"ငါက ငါ့အတန်းထဲမှာတော့ အဆင့်၁ဘဲ....တစ်ကျောင်းလုံးမှာ အဆင့်၂ရတာက ငါ့ကို သိက္ခာမကျစေပါဘူး"

"ဟုတ်လား....ငါ့အထင် မင်းအမေက မင်းကို မှတ်လောက်အောင် သင်ခန်းစာ ပေးပြီးပြီမလား.....ကျွတ်...ကျွတ်.....မင်းကို မချစ်တဲ့မိဘတွေအတွက် မင်းကြိုးစားနေတာက အရမ်းကို သနားဖို့ကောင်းတယ်"

ရှောင်းကျန့် သူ့ရှေ့က စန်းချန်စုန့်ကို ကြည့်လိုက်သည်။စန်းအိမ်တော်ကလည်း သူတို့ရှောင်းအိမ်ကဲ့သို့ သြဇာကြီးမားသဖြင့် စန်းချန်စုန့်က မာနကြီးကာ မောက်မာလေသည်။

အလယ်တန်းတစ်လျှောက် သူ့ကို ဘယ်တုန်းကမှ မကျော်တက်နိုင်ခဲ့ပေမဲ့ အခုကျော်တက်ချိန်မှာ သူမောက်မာနေတာကလည်း မဆန်းပေ။သို့သော် သူ့ရဲ့ စိတ်ဒဏ်ရာကို ထိပါးတာကတော့ သူ့ကို ဒေါသထွက်စေသည်။

"အဖေဖြစ်သူက ယောကျ်ားလေးငယ်ငယ်လေးတွေကို ကြိုက်တဲ့ gayဖြစ်ပြီး အမေဖြစ်သူကလည်း ကောင်လေးတွေအထည်အလဲ တွဲနေတဲ့ မိဘဖြစ်သူတွေရဲ့ သားထက်တော့ သာပါသေးတယ်"

"မင်း"

စန်းချန်စုန့်ဟာ ဒေါသထွက်သွားပြီး ရှောင်းကျန့်အား ထိုးရန် ပြင်လိုက်စဥ် သူ့လက်ကို တစ်ယောက်ယောက်က ဆွဲထားလေသည်။အားက အရမ်းပြင်းတာမို့ လက်က အရမ်းနာသွားသဖြင့် အော်မိသွားသည်။ထို့နောက် ဒေါသဖြင့် အနောက်လှည့်ကြည့်လိုက်တော့ သူ့ကို အေးစက်စွာ ကြည့်နေတဲ့ လူတစ်ယောက်အား တွေ့လိုက်ရသည်။

ဒုဓလီပန်းလေးသာ ဖြစ်ချင်မိပါသည်(Completed)Donde viven las historias. Descúbrelo ahora