အရမ်းကိုလှပကြီးကျယ်ကာ နန်းတော်ကဲ့သို့သော အိမ်တော်ကြီး၏ စတိုခန်းတစ်ခု၌ ကောင်လေးတစ်ယောက်ရဲ့ ငိုကြွေးသံဟာ အရမ်းကို ကျယ်လောင်လွန်းလှသည်။
"ဘာကြောင့်လဲ.....ဘာကြောင့် ငါ့ကျမှ ပျော်ရွှင်မှုကို မခံစားရတာလဲ....ငါဘာအမှား လုပ်မိလို့လဲ"
ရှောင်းကျန့်ဟာ နာကျင်စွာ အော်ဟစ်နေလေသည်။ထို့နောက် ဒူးကိုပိုက်လိုက်ပြီး ဒူးကြားထဲ ခေါင်းကို ဖွက်ထားလိုက်သည်။တစ်မိနစ်လောက် တိတ်ဆိတ်သွားပြီးနောက် သူ့ခေါင်းကို ပြန်မော့လာလေသည်။
သူ့မျက်နှာဟာ နာကျင်မှုတွေ ဝမ်းနည်းမှုတွေ မရှိတော့ဘဲ အသက်မဲ့နေသည်။သို့သော် မျက်ရည်တွေကတော့ စီးကျနေဆဲပင်။
"ငါက မွေးမဖွားလာသင့်ဘူး.....ငါက အစထဲက သေခဲ့ရမှာ....ငါ့ကြောင့်သာ မဟုတ်ရင် ဦးက သေရမှာ မဟုတ်ဘူး....ငါ့ကြောင့်သာ....ငါက....ငါက..... ဒီလောကကြီးထဲမှာ ရှိမနေသင့်တော့ဘူး.....ဟားဟား.....ဟုတ်တယ်....ငါက သေရမှာ....ငါသေမှာ....ငါ...ဦး.. နောက်ကို လိုက်ရမယ်...."
သူ့မျက်နှာထက်တွင် အသက်မပါသော အပြုံးတစ်ပွင့် ပေါ်လာပြီး သူ့ခေါင်းအား နံရံနဲ့ ဆောင့်လိုက်လေသည်။သွေးတွေက သူ့ခေါင်းကနေ အများကြီး စီးကျလာပြီး သူဝတ်ထားသည့် အဖြူရောင်ရှပ်အင်္ကျီကို အနီရောင် ပြောင်းသွားစေသည်။
ရှောင်းကျန့်ဟာ နောက်ထပ်တစ်ကြိမ် နံရံနဲ့ ဆောင့်လိုက်ပြန်သည်။မျက်နှာတစ်ခုလုံး သွေးတွေနဲ့ ဖုံးလွှမ်းကုန်သည်။ထို့နောက် ကြမ်းပြင်ပေါ် လဲကျသွားပြီး ဖြေးဖြေးလေး ပြောလိုက်သည်။
"ဒီလောက်နဲ့ ငါသေလောက်ပါပြီ"
သူ့မျက်လုံးတွေဟာ ဝေဝါးလာပြီး စိတ်ထဲက လူတစ်ယောက်ရဲ့ပုံရိပ်ကို ဝိုးတိုးဝါးတား မြင်လိုက်သည်။
"ဦး......ကျွန်တော်တို့ ထပ်ဆုံခဲ့ရင် Dandelionပန်းတွေ အများကြီး ကျွန်တော်လိုချင်တယ်....ကျွန်တော် ပျော်ချင်တယ်..."
ထို့နောက် သူတို့နှစ်ဦး ပြောခဲ့တာတွေကို ပြန်ကြားယောင်မိသည်။
" ပျော်ရွှင်မှုဆိုတာကို ကျွန်တော်မသိဘူး.....ပျော်ရွှင်မှုဆိုတာ တကယ်ရော ရှိရဲ့လား"
CZYTASZ
ဒုဓလီပန်းလေးသာ ဖြစ်ချင်မိပါသည်(Completed)
Fanfictionရှောင်းကျန့်"ပျော်ရွှင်မှုဆိုတာကို ကျွန်တော်မသိဘူး.....ပျော်ရွှင်မှုဆိုတာ တကယ်ရော ရှိရဲ့လား" ဝမ်ရိပေါ် "မင်းမှာ မရှိရင် အဲ့ပျော်ရွှင်မှုကို ဖန်တီးလိုက်ပေါ့"