Part (22)

1.1K 100 5
                                    

ရှောင်းကျန့် အိမ်ပြန်ရောက်တာနဲ့ ဝမ်ရိပေါ်ရဲ့စာအုပ်လေးကို ဖွင့်လိုက်သည်။ဒိုင်ယာရီစာအုပ်လေးရဲ့ ပထမစာရွက်လေးတွင်

'ကိုယ်ဆရာအဖြစ် ပထမဆုံး စာသင်ခန်းထဲ ဝင်လိုက်တာနဲ့ ဦးဆုံး မြင်မိတာက တစ်လောကလုံးက သူနဲ့မဆိုင်သလို လုပ်နေတဲ့မင်းဘဲ...မင်းကိုကြည့်ရတာ ကိုယ်ပြုံးနေတာကို ကြိုက်ပုံမရဘူး....ခေါင်းမိုးထပ်မှာ ကိုယ်တို့ဆုံတော့ မင်းက ကိုယ့်ရဲ့အပြုံးတွေက မစစ်မှန်ဘူးဆိုတာကို ဖော်ထုတ်ခဲ့တယ်....မင်းက ကိုယ့်အတွက် တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်...မရယ်မပြုံးမျက်နှာလေးနဲ့ တကယ့်ကို အဖြူထည်လေးဘဲ... မင်းရဲ့အထီးကျန်မှုတွေ ဝမ်းနည်းမှုတွေကို မင်းမျက်လုံးတွေထဲမှာ ကိုယ်မြင်နေရတာကိုတော့ မင်းကို မပြောဖြစ်ခဲ့ဘူး...ရှောင်းကျန့်....ကိုယ်မင်းပြုံးတာကို မြင်ချင်မိတယ်'

ဒုတိယစာရွက်လေးထဲမှာကတော့

'ရီထုံကြောင့် ပါတီပွဲကို ကိုယ်လာခဲ့ရပေမဲ့ မင်းကိုတွေ့တော့ ကိုယ်ပျော်သွားပြီး မင်းအနားမှာဘဲ ကိုယ်နေခဲ့တယ် ရှောင်းကျန့်....မင်းအမေကြောင့် မင်းငိုနေတာကိုတွေ့တော့ ကိုယ်မင်းကို တကယ်နှစ်သိမ့်ပေးချင်ခဲ့တယ်....ပထမဆုံးအနေနဲ့ ကိုယ်မင်းကို သနားမိတာဘဲ...မင်းလို အသက်ငယ်ငယ်ကောင်လေးတစ်ယောက်က အများသူတွေလို သွက်လက်ပြီး ပျော်ရွှင်နေရမှာလေ...ပြီးတော့ မင်းက ကိုယ်ပထမဆုံး ကိုယ့်ဘက်က စိတ်ဝင်စားရတဲ့ကောင်လေးမို့လို့ မင်းကိုပျော်ရွှင်စေချင်ခဲ့တယ်...အဲ့တာကြောင့် ကိုယ်ဘက်က မင်းကို အချစ်စစ် မပေးနိုင်ရင်တောင် မင်းကို ကြင်နာမှုလောက်တော့ပေးဖို့ ဆုံးဖြတ်ခဲ့မိတယ်'

တတိယစာရွက်လေးမှာက

'ကိုယ်မင်းကို ဒုဓလီပန်းခင်းထဲ ခေါ်သွားခဲ့တယ်....ဒီပန်းတွေကို ကိုယ်အရမ်းကြိုက်တာလေ...ဘာကြောင့်လဲဆို သူတို့က ဖြူစင်လွန်းလို့...မင်းနဲ့သွားတူတာပေါ့...ပန်းခင်းကြီးကြောင့် မင်းပြုံးခဲ့တယ်....မင်းအပြုံးကြောင့် မင်းခဏခဏပြုံးရင်ကောင်းမှာဘဲလို့တောင် တွေးမိသွားတယ်...အဲ့အချိန်မှာ မင်းက ကိုယ်ကျောင်းရောက်လာတဲ့အကြောင်းကို မေးတယ်...ကိုယ်အမှန်တိုင်းမဖြေနိုင်ခဲ့ဘူး.... ရှောင်းကျန့်....ကိုယ်သာ မင်းကို တကယ်ချစ်လို့ရရင် ကောင်းမှာဘဲ'

ဒုဓလီပန်းလေးသာ ဖြစ်ချင်မိပါသည်(Completed)Where stories live. Discover now