Part (12)

1.1K 126 2
                                    

ရှောင်းကျန့်နဲ့ကုမင်သွမ့်တို့ ကျောင်းဆေးခန်း ရောက်သည့်အချိန်မှာ ရီထုံက ဆေးထည့်ပြီးပြီ ဖြစ်သည်။ဝမ်ရိပေါ်ကလည်း ရီထုံကို အားပေးနေဟန်ဖြင့် လက်ကိုင်ပေးထားသည်။

ရှောင်းကျန့် အကြည့်လွှဲလိုက်ပြီး ဘေးက ကုတင်တစ်ခုပေါ်မှာဘဲ ထိုင်နေလိုက်သည်။

"ဆရာ.....ကျွန်တော့်သူငယ်ချင်းက ဒူးခေါင်းမှာ ပွန်းသွားပြီး ခြေကျင်းဝတ်ထိသွားတယ်"

ဆရာဝန်က ဆေးယူကာ လာရောက်လိမ်းပေးသည်။ထိုအချိန် ရီထုံက အားနာသည့်ဟန်ဖြင့် စကားပြောလာသည်။

"ကျန့်ကော....တောင်းပန်ပါတယ်....ကျွန်တော် သတိမထားမိလို့ ကောပါ ထိခိုက်သွားတယ်"

"ရပါတယ်....ဖြစ်ချိန်တန်လို့နေမှာပါ"

"ဒါဆို ကောတို့ကို ကျွန်တော်တစ်ခုခု လိုက်ကျွေးမယ်လေ...ဆရာဝမ်က ကျွန်တော့်ကို ကျောင်းဆေးခန်းအထိ ခေါ်လာပေးလို့ ကျေးဇူးတင်လို့ပါ...ပြီးတော့ ကောကိုလည်း အားနာတဲ့အနေနဲ့ပေါ့"

ရီထုံရဲ့ ရိုးရိုးတန်းတန်းဟု ထင်ရသည့်စကားကို ရှောင်းကျန့်နားလည်သည်။

'ဆရာဝမ်က ကောအစား ကျွန်တော့်ကို ရွေးလို့ ကျေးဇူးတင်တယ်....ပြီးတော့ ကောက ကျွန်တော့်ကို ရှုံးသွားလို့ အားနာပါတယ်'

ရှောင်းကျန့် ထိုအဓိပ္ပါယ်ကြောင့် ရီထုံကို သေချာစိုက်ကြည့်လိုက်သည်။မျက်နှာကတော့ အားနာနေသလိုနဲ့ မျက်လုံးကတော့ ပျော်ရွှင်နေသည်။

"ငါမအားဘူး....မင်းနဲ့ဆရာဝမ် နှစ်ယောက်ဘဲ သွားပေါ့..."

"ဟုတ်တယ်...ဟုတ်တယ်....ငါလည်း ရှောင်းကျန့် မပါရင် လိုက်မှာမဟုတ်ဘူး"

ကုမင်သွမ့်က ဝင်ပြောလိုက်သည်။သူ့လို ပေါင်းသင်းဆက်ဆံရေးကောင်းသည့်သူ တစ်ယောက်အနေနဲ့ ရှောင်းကျန့်နဲ့ ထိုဝမ်းကွဲအကောင်ကြားမှာ တစ်ခုခု ရှိနေတယ်ဆိုတာကို ရိပ်မိပါသည်။

ဝမ်ရိပေါ် ကုမင်သွမ့်ကို သေချာစိုက်ကြည့်လိုက်သည်။ရှောင်းကျန့်တို့အတန်းမှာ ထိုကျောင်းသားကို သူတစ်ခါမှမမြင်ဖူးသဖြင့် ကျောင်းသားသစ်မှန်း သိလိုက်သည်။

ဒုဓလီပန်းလေးသာ ဖြစ်ချင်မိပါသည်(Completed)Donde viven las historias. Descúbrelo ahora