Part (17)

1K 112 8
                                    

ရှောင်းကျန့် ဒီနေ့လေးဟာ သူ့ဘဝမှာ အပျော်ရွှင်ရဆုံးနေ့လေးမို့ သက်သေအဖြစ် ဒုဓလီပန်းလေးတွေကို သတ်မှတ်ထားသည်။ဒီနေ့က သူ့အတွက် အပျော်ဆုံးဆိုတာကို ဒုဓလီပန်းလေးတွေကတော့ သိနိုင်ပါလိမ့်မည်။

နေဝင်သွားပြီဖြစ်တာမို့ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့ဟာ အိမ်ပြန်ရန် ပြင်ရတော့သည်။နှစ်ယောက်စလုံး ကားပေါ်တောင် မတက်ရသေးခင် ကားနှစ်စီးရောက်လာပြီး အနက်ရောင်ဝတ်စုံတွေနဲ့ လူတချို့ ဆင်းလာသည်။

ရှောင်းကျန့် ထိုလူတွေကို သူ့အဖေဘေးတွင် ခဏခဏမြင်ဖူးတာမို့ သိပါသည်။သူ့ရဲ့ ပင်ကိုအသိစိတ်အရ တစ်ခုခုဖြစ်ပျက်တော့မည်ဟု ထင်နေမိသည်။

"ခင်ဗျားတို့ ကျွန်တော့်ကို လာခေါ်တာလား"

ခေါင်းဆောင်လာသူဟာ ရှောင်းကျန့်အမေးကို ပြန်မဖြေဘဲ သူ့လူတွေကို အချက်ပြလိုက်သည်။သူအချက်ပြတာနဲ့ လူနှစ်ယောက်ဟာ ရှောင်းကျန့်ကို ဖယ်ထုတ်သွားပြီး ကျန်တဲ့သူတွေက ဝမ်ရိပေါ်ကို တိုက်ခိုက်တော့သည်။

ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို ဆွဲချိန်တောင် မရလိုက်ခင် လက်သီးနဲ့ အထိုးခံလိုက်ရသည်။နဂိုထဲက အောက်ခြေကလာသူမို့ ကိုယ်ခံပညာကို အထိုက်အလျောက် တတ်ကျွမ်းလေသည်။ထို့ကြောင့် ပြန်လည်တိုက်ခိုက်တော့သည်။

သို့သော် လူအင်အား မမျှသည်မို့ မကြာခင်မှာပင် အချုပ်ခံရပြီး ဆက်တိုက်ကို အထိုးခံနေရတော့သည်။

ရှောင်းကျန့်ဟာ ထိုမြင်ကွင်းကြောင့် အတင်းရုန်းကာ ဝမ်ရိပေါ်အနား သွားတော့သည်။ထို့နောက် ဝမ်ရိပေါ်အား ရိုက်နှက်နေသည့် ထိုလူတွေအား အားနဲ့တွန်းထုတ်ပြီး ဆွဲဖယ်တော့သည်။

သို့သော် သူ့အနေနဲ့ အထူးလေ့ကျင့်ထားသည့် သက်တော်စောင့်တွေကို မယှဥ်နိုင်ပေ။ထိုစဥ် သံတုတ်ကိုင်ထားသည့် သက်တော်စောင့်တစ်ယောက်ဟာ ဝမ်ရိပေါ်ကို ရိုက်ရန် ပြင်တော့သည်။

ရှောင်းကျန့်ဟာ စိုးရိမ်သွားပြီး ဘယ်ကရလာမှန်း မသိသည့် အားတွေနဲ့ သက်တော်စောင့်တွေကြားထဲ ရုန်းကန်ပြီး ဝမ်ရိပေါ်ကို ဆွဲဖက်လိုက်သဖြင့် ထိုတုတ်ဟာ သူ့ပခုံးကို ရိုက်မိကာ သတိလစ်သွားတော့သည်။

ဒုဓလီပန်းလေးသာ ဖြစ်ချင်မိပါသည်(Completed)Donde viven las historias. Descúbrelo ahora