Part (4)

1.3K 164 8
                                    

ရှောင်းကျန့် သူက သားအရင်း မဟုတ်ဘူးလား ဆိုတာကို  ခဏခဏ စဥ်းစားဖူးသည်။ဒါပေမဲ့ အမှန်တရားဖြစ်သွားမှာကို ကြောက်ရွံ့သည့်အတွက် မစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သူက သူ့မိဘတွေရဲ့ ဂရုစိုက်မှုတွေ အချစ်တွေ မရပေမဲ့ သူတို့ရဲ့ အာရုံစိုက်မှုကိုတော့ ရနေသေးသည် မဟုတ်ပါလား။အနည်းဆုံးတော့ သူ့မိဘတွေက သူ့ရဲ့ ပညာရေးကို ဂရုစိုက်နေသေးသည်လေ။

ဝမ်ရိပေါ်နဲ့ ရှောင်းကျန့် ပွဲထဲသို့ ပြန်ရောက်ချိန်မှာတော့ အမေရှောင်းတို့က ပြန်နှင့်ပြီ ဖြစ်သည်။ထို့ကြောင့် ဝမ်ရိပေါ်ကဘဲ ရှောင်းကျန့်ကို ပြန်ပို့ပေးရတော့သည်။

ရှောင်းကျန့် သူ့ရှေ့ကို ရောက်လာတဲ့ ဆိုင်ကယ်ကို ကြည့်ပြီး အံ့သြသွားသည်။ဝတ်စုံအပြည်နဲ့ ဆိုင်ကယ်ပေါ် ထိုင်နေတဲ့ ဝမ်ရိပေါ်က သူ့ကို အမြင်တစ်မျိုး ပေးလေသည်။

"ခင်ဗျား ကျောင်းကိုလည်း ဆိုင်ကယ်နဲ့ဘဲ လာတာလား"

"မဟုတ်ပါဘူး.....ကားနဲ့လာတာ"

"ခင်ဗျားက ဘောစိထင်တယ်....ဘာလို့ ကျောင်းဆရာ လုပ်နေတာလဲ"

"လျှို့ဝှက်ချက်"

ဝမ်ရိပေါ်ရဲ့ အဓိပ္ပါယ်တွေနဲ့ ပြည့်နေသည့် အပြုံးကြောင့် ရှောင်းကျန့် ဆက်မမေးတော့ဘဲ ဆိုင်ကယ်ပေါ်ကိုသာ တက်လိုက်တော့သည်။

ဆိုင်ကယ်တစ်ခါမှ မစီးဖူးသူမို့ ဘယ်ကို ကိုင်လို့ကိုင်ရမှန်းမသိ ဖြစ်နေစဥ် ဝမ်ရိပေါ်ရဲ့အသံ ထွက်လာလေသည်။

"ကိုယ့်ကို သေချာဖက်ထား.....ဆိုင်ကယ်က အရှိန်နဲ့မို့ ပြုတ်ကျနေလိမ့်မယ်...."

ရှောင်းကျန့်ဟာ မရဲတရဲနဲ့ ဝမ်ရိပေါ်ခါးအား ခပ်ဖွဖွ ဖက်ထားလိုက်သည်။သူ့အပြုအမူကြောင့် ဝမ်ရိပေါ်ရဲ့ ရီသံတိုးတိုး ထွက်လာလေသည်။

"ဘာရီတာလဲ"

"ဘာမှမဟုတ်ပါဘူး....သေချာဖက်ထားနော်..."

ဝမ်ရိပေါ်ဟာ ပြောပြီးတာနဲ့ အရှိန်နဲ့ မောင်းထွက်သွားတော့သည်။ရှောင်းကျန့်ဟာ ရုတ်တရက်မို့ ခပ်တင်းတင်း ဖက်မိသွားတော့သည်။

ဒုဓလီပန်းလေးသာ ဖြစ်ချင်မိပါသည်(Completed)Donde viven las historias. Descúbrelo ahora