part(3)

3K 116 5
                                    


အလင်္ကာယခုရက်ပိုင်းအပြင်သို့သိပ်မထွက်ဖြစ်ပေ။ခန့်မောဓိကတွေ့ရန် မကြာခနပြောလာပေမဲ့အလင်္ကာ အကြောင်းပြချက်အမျိုးမျိုးပေး၍ ရှောင်နေမိသည်။

ထိုသို့ပွဲများကိုသွားရန် အလင်္ကာအတွက်အချိန်လိုအပ်သည်။screenထက်တွင်ပေါ်နေဆဲ 'ခန့်မောဓိ' ဟူသည့်နာမည်ကိုကြည့်လျက် ငိုင်နေမိသည်။

အရွယ်ရောက်လာလျှင် ထိုနေရာများကိုသွားနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်ကို ပြန်တွေးမိလေသည့်အခါ ယခုအချိန်ထိ အတိတ်နွံထဲက ရုန်းမထွက်နိုင်သေးသည့် ကိုယ့်ကိုကိုယ်ပင်စိတ်ပျက်လာခဲ့သည်။

ရင်ထဲမှာစွဲကျန်နေဆဲ အဖြစ်အပျက်များကိုပြန်လည်မြင်ယောင်လာသည့်အခါ ဖုန်းအားအဝေးသို့ လွှင့်ပစ်လိုက်မိသည်။

ပြီးလျှင် ကုတင်ပေါ်တွားတက်ကာဒူးကိုကွေးလိုက်ပြီးလက်နှစ်ဖက်ဖြင့် ‌သိုင်းဖက်ထားလိုက်သည်။မျက်လုံးတွေကို မှိတ်ထားလိုက်သည်နှင့်ပေါ်လာတဲ့ အတိတ်ကအဖြစ်အပျက်တွေ။ထွက်သွားပါတော့ ဒီဒဏ်ရာတွေ ဘာလို့ကျန်နေသေးတာလဲ......

အချိန်တွေဆယ်စုနှစ်ကြာခဲ့ပီလေ။

ဘယ်အချိန်အထိအိပ်ပျော်သွားသည်မသိ။အလင်္ကာ နိုးလာသည့်အချိန်တွင်ညနေစောင်းနေပြီဖြစ်သည်။လွှင့်ပစ်ထားခဲ့မိသည့် ဖုန်းအားပြန်ကောက်ကြည့်လိုက်သည့်အခါအပေါ်မှန်မှာ ကွဲနှင့်လေပြီ။

လုံး၀ပြန်ပွင့်မလာသည့် ဖုန်းကြောင့် သေချာပြန်ကြည့်လိုက်မိသည့်အခါအတွင်းမှန်ပါအက်ကွဲသွားသည်ထင်သည်။ယခုအခြေအနေနှင့် ဖုန်းအသစ်၀ယ်ဖို့လဲမဖြစ်နိုင်သေးပေ။အလုပ်လက်မဲ့ဖြစ်နေသည်မှာ အရင်အပတ်ထဲကဖြစ်သည်။စိတ်ညစ်ညစ်နဲ့ခဲရောင်ဆံပင်များကိုသာ ဆွဲဖွမိတော့သည်။

စိတ်ညစ်နေစဉ်တံခါး အဆက်မပြတ်ထုသံကို ကြားလိုက်ရသည်။

တဒုန်းဒုန်းသံနှင့်အတူအလင်္ကာ့ နာမည်ပင်အော်ခေါ်လေပြီမို့သွားဖွင့်ကြည့်မိတော့ မမြင်ရတာလေးရက်ရှိနေပြီဖြစ်သည့်ကိုခန့်မောဓိကိုတွေ့လိုက်ရသည်။

"ဖုန်းခေါ်နေတာမရလို့ဘာဖြစ်လို့လဲဘေဘီ"

"ဖုန်းပျက်သွားလို့"

မောင့်အလင်္ကာ (Own Creation)Where stories live. Discover now