part(2)

3.9K 128 12
                                    


"ပြော...."

ခရီးပန်းတာကြောင့် အိပ်ယာပေါ်လှဲချလိုက်ထဲက အိပ်ပျော်သွားခဲ့သော နော်အီသန်မောင်သည် ဖုန်းမြည်မှသာ နိုးလာခဲ့သည်။

အိပ်ယာပေါ် ပစ်တင်ထားခဲ့သော ဖုန်းကိုလိုက်ယမ်းရင်း ဘေးရှိနာရီကိုတစ်ချက်ကြည့်မိတော့မနက်ဆယ်နာရီပင်ထိုးနေပြီ။

အိပ်ယာ၀င်လျှင် စိတ်လွတ်ကိုယ်လွတ်နှင့်အိပ်တတ်သည့်အကျင့်ကြောင့် ညကဆိုဖာ၌ချွတ်ထားခဲ့သည့်bathrobeကိုပြန်‌ယူရင်းတစ်ဖက်မှဖုန်းကိုဖြေလိုက်သည်။

"မင်းနိုးပီလား"

တဖက်မှတက်ကြွစွာဖြင့် မင်းဧကသော်၏ စကားသံထွက်ပေါ်လာခဲ့သည်။

"အေး"

"မနက်စာ ဘာစားမှာလဲ ဒီနေ့ အိမ်ကမာမီကမင်းကြိုက်တဲ့ရှမ်းခေါက်ဆွဲချက်ထားတယ် လာပို့ ရမလား"

"ကောင်းသားပဲ.. အန်တီကိုငါရောက်နေတာပြောလိုက်တာလား"

လိုက်ကာများကိုသွားဆွဲဖွင့်လိုက်ရင်း နော်အီသန်မောင်မေးလိုက်သည်။

"မပြောလိုက်ဘူး မာမီသိရင် မင်းမေမေပါသိမှာမို့"

"အိုခေ"

"အဲ့တာဆို ခနနေရင်ငါထွက်ခဲ့လိုက်မယ်"

"အေး"

ဖုန်းကိုချလိုက်ပြီး ပတ်၀န်းကျင်ကိုပြန်လည်ကြည့်ရှုလိုက်သည်။ သူသည် သွေးနှောဖြစ်သလိုမြန်မာနိုင်ငံထက် ဒယ်ဒီ့ဆီမှာသာအနေများသူဖြစ်သည်။

ကျောင်းကိုလဲ ကနေဒါမှာသာတက်ခဲ့သည့်အတွက် ငယ်စဉ်ကဆို ဗမာသံကိုပင်အနည်းငယ်မပီချင်ခဲ့ပေ။ မေမေနှင့်ဖွားဖွားကမိမိတို့ဘာသာစကားကိုရေရေလည်လည်မပြောတတ်မည်ဆိုး သည်ကြောင့်အားလပ်ရက်ရသည့်အချိန်များ၌အိမ်ပြန်ခေါ်တတ်သည်။ဟိုဆီမှာနေသည့် အချိန်၌လည်းဖွားဖွားက တစ်ပတ်တွင် သုံးရက်လောက် video callခေါ်လေ့ရှိသည်။

အရင်ကဆိုနေ့တိုင်းလိုလိုဖုန်းခေါ်တတ်သော်လဲအသက်နှစ်ဆယ့်သုံးနှစ်ရှိပြီဖြစ်သည့် နော်အီသန်မောင်မှာ မအားတဲ့အချိန်က များလာသည့်အတွက် အလိုက်သိစွာဖြင့် နေ့စဉ် ဖုန်းမဆက်တော့ခြင်းဖြစ်သည်။

မောင့်အလင်္ကာ (Own Creation)Where stories live. Discover now