part(12)

3K 122 17
                                    


"အီသန်ဆန်မြူရယ် ဟုတ်လား"

ယမုံတို့အုပ်စု သင်တန်းတွင်ထိုင်နေစဉ် သူငယ်
ချင်းဖြစ်သူ ဘရဏီ ကပြောလာခြင်းဖြစ်သည်။
နာမည်အသစ်အဆန်းတွေ ဘယ်ကကြားလာပြန်
ပြီလည်းမသိပါဘူး။

ယမုံတို့ သူငယ်ချင်းအဖွဲ့ထဲတွင် မှုးမြတ်ဘရဏီကအလွန်စပ်စုသူတစ်ယောက်ဖြစ်သည်။သူမ
မသိတဲ့ သတင်းဆိုတာမျိုး မရှိအောင် အရာရာ
မှာ နှံ့စပ်လွန်းလှသည်။

"အေး ငါလဲ မနေ့က ငါ့ဘေးအိမ်ကညီမလေး
လေ သူပြောပြလို့သိတာ ဗမာနာမည်က ဘာ
ဆိုလား"

"နင့်ဟာကလဲ ဘယ်လိုကြီးတုန်း ဘရဏီရယ်"

"ဟဲ့ အရမ်းချောတာနော် "

"အဲ့ဒါ ငါကဘာလုပ်ရမှာလဲ"

"ဘာပြောပြော ငါ့ရဲ့crushစာရင်း၀င်သွားပြီ
အရပ်ကလဲအရှည်ကြီး သိလား၊ငါနဲ့သာတွဲလိုက်ရင်လေ ရင်ခွင်မှီလေးနေမှာ  ယမုံ ဟီးး"

" နင်ဟာလေ တော်တော်ကိုရွတယ်"

ယမုံက ဘရဏီ လက်မောင်းကိုရိုက်ရင်းပြော
လိုက်သည်။

စပ်စလူးမ.....

"အယ် ကျောက်အဖြူလေးလား"

ဧပရယ်က ယမုံ လည်တိုင်ကျော့ကျော့ထက်နေ
ရာယူထားသည့် ကျောက်အဖြူလေးကိုကြည့်
ရင်းပြောလာခဲ့သည်။သူငယ်ချင်းတွေ သတိထားမိသွားသည်နှင့်ယမုံနှုတ်ခမ်းလွှာတို့က ပြုံးယောင်သမ်းလာခဲ့သည်။

ယမုံက သူမ သူငယ်ချင်းတွေ မြင်ရန်အတွက်
လည်ပင်းဟိုက်သည့် အနက်ရောင်ကိုယ်ကျပ်လေးကို တမင်ရွေး၀တ်လာခဲ့ခြင်းဖြစ်သည်။အ
ခြားလူတွေမသိပေမဲ့ ယမုံတစ်ယောက်အတွက်
ဂုဏ်ပကာသနတွေက အလွန်အရေးပါလေသည်။

"အင်း၊ဒယ်ဒီ၀ယ်ပေးတာလေ"

"နင်အရမ်းကံကောင်းတာပဲ ယမုံရယ်
နင်တစ်ခုခုလိုချင်တာနဲ့ နှစ်ခါမပူဆာရဘူးနော်
ငါ့မိဘတွေများအဲ့လိုမရပါဘူး၊နင့်ကိုအားကျလိုက်တာ"

"အရင်က စိန်လည်ဆွဲလေးဆိုလဲ ဒီမှာမရှိလို့ အိန္ဒိယကနေလှမ်းမှာပေးတာမို့လား"

"တကယ်ကြီးလား ဝိုးးး"

ယမုံကို အားကျစွာကြည့်လျက် ဝိုင်းပြောလာကြ
သည့်သူငယ်ချင်းများကြောင့် သူမ၏ချစ်စဖွယ်
မျက်နှာဖူးဖူးလေးသည် မော်ကြွားလျက်ရှိသည်။
ဘ၀တစ်လျှောက်လုံး လူတွေရဲ့ အမွှန်းတင်ခံရမှု
တွေ၊ချီးကျူးခံရမှုတွေနဲ့ ဖြတ်သန်းလာခဲ့သည့်
သူမအတွက် ယခုကိစ္စက အသေးအဖွဲဖြစ်သော်ငြား သူမကို စိတ်ကျေနပ်စေပါသည်။

မောင့်အလင်္ကာ (Own Creation)Where stories live. Discover now