part(7)

2.6K 118 14
                                    


ဝေလီဝေလင်း တနင်္ဂနွေမနက်ခင်းတစ်ခု၌
အနက်ရောင် ကားတစ်စီးသည် မြို့ပြင်သို့ခရီးနှင်
လျက်ရှိသည်။မောင်းသူဘေးတွင် လိုက်ပါလာသူ အလင်္ကာကမူ မျက်လုံးများ မှိတ်ထားခဲ့သည်။

အဝေးပြေးလမ်းမမှတစ်ဆင့် လမ်းခွဲတစ်ခုအတွင်း၀င်သွားသည် ကားလေးသည် တစိုက်မတ်မတ်မောင်းနေရင်း တစ်နာရီခန့်အကြာ ဦးတည်ရာသို့ရောက်ရှိသွားသည်။

ခြံတစ်ခုရှိ ဂိုဒေါင်အတွင်း ကားရပ်လိုက်သည်နှင့်
အလင်္ကာ မျက်လုံးပွင့်လာခဲ့သည်။

"ညက ကောင်းကောင်းမအိပ်ရဘူးလား"

"မဟုတ်ပါဘူး ကားစီးရင်း
ဒီလိုခံစားချက်လေး သဘောကျလို့"

အလင်္ကာ ပြောလိုက်ရင်း ဘေးပတ်၀န်းကျင်ကို
ကြည့်လိုက်စဥ် ...

အဖြူရောင်ခြယ်ထားသည့် သစ်သားခြံ၀န်းကျယ်အတွင်း ‌လှပသည့်အိမ်ကြီးတစ်လုံးက တင့်တယ်စွာ တည်ရှိနေခဲ့သည်။

အညိုရောင် နှစ်ထပ်အိမ်ကြီးကို လုံးဝရိုးရှင်း
စွာ တည်ဆောက်ထားတဲ့အတွက် သဘာဝ ဆန်တဲ့ခံစားချက်မျိုးကို ရစေသည်။

နှစ်ထပ်တိုက်အိမ်ကြီး၏ အပေါ်ထပ်၀ရံတာတွင်
စိမ်းစိုနေသည့် အပင်တို့ကိုစီတန်းထားသည်မို့
မြင်ရသူအပေါင်းကို စိတ်နှလုံးအေးချမ်းစေ
သည်။

အောက်ထပ်ရှိ အကန့်ကန့်ခွဲကာ ဆင့်ထားသည့်
စင်များအထက်တွင်လဲ တန်ဖိုးကြီးပန်းအိုးများနှင့်အတူ အရောင်အသွေးစုံလင့်သည့်ပန်းများက
လှပစွာနေရာယူထားသည်။

ခြံ၀န်းဧရိယာတစ်ခုလုံးတွင်ပုံသွင်းထားသည့် ‌
မြက်ခင်းစိမ်းများကနေရာယူလျက်။

ကျောက်စရစ်ခဲများနှင့်လမ်းဖော်ထားသည့်
ဘေးတစ်လျှောက်တွင်မူ အဖြူရောင်ဒေစီပန်းများက လှပစွာတည်ရှိနေပြန်သည်။

အိမ်ကြီး၏ ထောင့်စွန်းတွင်မူ အရိပ်ရသည့်ကြီး
မားသည့်အပင်ကြီးနှင့်အတူ အရောင်အသွေး
စုံလင်သည့် နှင်းဆီခင်းကြီးကနေရာအပြည့်။

တကယ့် သုခံဘုံလေးပင်။

"သဘောကျရဲ့လား"

အီသန်က အလင်္ကာ ခါးသွယ်သွယ်လေးကို အနောက်ဘက်မှထွေးပွေ့ရင်း မေးလာခဲ့သည်။
ပြီးနောက် ပုခုံးထက်မေးတင်ကာ ဘေးတစောင်း
မြင်နေရတဲ့ ပါးဖောင်းဖောင်းလေးကို အသံထွက်
သည်အထိ နမ်းရှိုက်လိုက်သည်။

မောင့်အလင်္ကာ (Own Creation)Where stories live. Discover now