part(16)

2.9K 120 30
                                    


"ကျေးဇူးပါဒေါက်တာ ညစာကောင်းကောင်းစာခဲ့ရပါတယ်"

"အလင်္ကာက ဆိုင်ရွေးတော်သွားလို့ပါကွာ"

"သာမန်ဆိုင်လေးပါပဲဗျာ"

"သာမန်ဆိုင်ရဲ့ အရသာကသာမန်မဟုတ်ဘူးလေ"

"ဒေါက်တာကို နိုင်အောင်မပြောနိုင်တော့ဘူး၊ဒါဆို ကျွန်တော်သွားတော့မယ်နော်"

ပတ်ဝန်းကျင်တခွင်က မှောင်မိုက်နေပြီဖြစ်သည်။အလင်္ကာက ခေါင်ဘုန်းသွေးကိုနှုတ်ဆက်ရင်း တိုက်ခန်းဆီသွားရန်ပြင်လိုက်သည်။

"ခန..အလင်္ကာကို ကိုယ်ပေးချင်တာလေးရှိလို့"

လှည့်ထွက်ခါနီးအလင်္ကာကို ခေါင်ဘုန်းသွေးကတားလာခြင်းဖြစ်သည်။ထို့နောက်အလင်္ကာလက်ထဲရောက်ရှိလာတဲ့ အနက်ရောင်အိတ်လေး။

"ဒါက ဘာကြီးလဲ"

"အပေါ်ရောက်မှ ဖွင့်ကြည့်လိုက်လေ"

"ဟို.."

"ငြင်းမယ်တော့မကြံပါနဲ့ကွာ သိပ်တန်ဖိုးကြီးတဲ့အရာမဟုတ်ပါဘူး ဒီအတိုင်း အကိုတစ်ယောက်က လက်ဆောင်ပေးတယ်လို့ပဲ သဘောထားပေးဟုတ်ပြီလား"

ခေါင်ဘုန်းသွေးက အပြုံးလေးနဲ့ဆိုလာသည်။အလင်္ကာခေါင်းငြိမ့်ပြမိသည့်အခါ ခေါင်ဘုန်းသွေးက သူ့ပါးချိုင့်တွေပေါ်အောင်ပြုံးပြလာပြန်သည်။ပြီးမှသူ့လက်ကောက်ဝတ်ရှိနာရီကိုတစ်ချက်ကြည့်ရင်း....

"ဒါဆို ကိုယ်ပြန်ပီနော်"

"ဟုတ်ကဲ့ဒေါက်တာ"

ခေါင်ဘုန်းသွေးရဲ့ကား မြင်ကွင်းထဲက ပျောက်သွားသည့်အချိန်ရောက်မှ အလင်္ကာသူ့တိုက်ခန်းဆီတက်လာလိုက်သည်။ပန်းအိုးထဲ ထည့်ထားခဲ့သည့် သော့ကိုယူကာ အိမ်တံခါးဖွင့်လိုက်သည်။

ဧည့်ခန်းအတွင်းရောက်သည်နှင့် ထိုအိတ်ကိုဖွင့်ကြည့်လိုက်သည်။ရေညှိစိမ်းရောင်တီရှပ်လေးကသူ့လက်ထဲနေရာယူလျက်။ဒါညနေက သူငေးကြည့်နေမိသည့် တီရှပ်လေးမဟုတ်ပါလား...

တစ်ချိန်ထဲဆိုသလို ဝင်လာသည့်မက်ဆေ့ကြောင့်ဖုန်းကိုယူကြည့်မိလိုက်သည့်အခါ ဒေါက်တာဆီကဖြစ်နေသည်။

မောင့်အလင်္ကာ (Own Creation)Where stories live. Discover now