part(8)

3K 138 9
                                    


"မြေးလေး ဒီကိုခနလာဦး"

ဒေါ်ထားခင်ခင် စကားကြောင့် အီသန် ဧည့်ခန်း၌
၀င်ထိုင်လိုက်လျှင်။

"မြေး သမီးအိန်ဂျယ်ဖူးငုံကိုမှတ်မိလား
မြေးငယ်ငယ်တုန်းက ဒီမမနောက်ကို
တကောက်ကောက်လိုက်နေခဲ့တာလေ"

မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးကို အီသန်ကြည့်
လိုက်သည်။ငယ်ငယ်က သူ့အကြိုက်ဆုံး ပြိုင်ကားရုပ်ကို ယူပြီးဖွတ်ထားခဲသည့် ထိုအမျိုးသမီးကြောင့် အနောက်ကလိုက်ရင်း ငိုမဲ့မဲ့နဲ့ပြန်တောင်း ခဲ့ဖူးသည်ကိုသတိပေါ်လာခဲ့သည်။

"ကျွန်တော် မှတ်မိပါတယ်"

"မတွေ့ရတာကြာလို့ထင်တယ်
အီသန်ကကြည့်ကောင်းလာလိုက်တာ"

အိန်ဂျယ်ဖူးငုံ အပြုံးတစ်ပွင့်နဲ့အတူပြောလိုက်သည်။

"ခင်ဗျားလဲ ရုပ်ပြောင်းသွားတယ်
‌အန်တီ ၀တ်မှုံလွှာကို ကျွန်တော်က မေးလိုက်တယ်လို့ပြောပေးပါဦး"

"တို့ ပြောလိုက်ပါ့မယ်‌"

အီသန် အဖွားဖြစ်သူကိုကြည့်ရင်း....

"ထမင်းသွားစားလိုက်ဦးမယ်နော် ဖွား"

"ဟုတ်ပါပီရှင်"

အိန်ဂျယ်ဖူးငုံ ကထမင်းစားခန်းဘက် ကြည့်လိုက်
သည်။ လှပသည့် မျက်နှာထက် နူးညံ့တဲ့ အပြုံး
တွေက နေရာယူလျက်....

"ဒါဆို ဖွား‌ ဖူး ပြန်ဦးမယ်ရှင့်"

"ကောင်းကောင်းပြန်နော် ဖူး"

"ဟုတ်ကဲ့ပါ ဖွား"

အိန်ဂျယ်ဖူးငုံနှင့် သူမ၏မြေးသည် အင်မတန်
လိုက်ဖက်လွန်းသည်။နှစ်ဦးသားကို တွဲမြင်ရတာ
အေးချမ်းလှသည်။

နောက်လအနည်းငယ်နေလျှင် နှစ်ဘက်မိဘ
အသိုင်းအဝိုင်းချင်း ရွေလမ်းငွေလမ်းဖောက်ရန်ပါစီစဉ်ထားခဲ့သည်မို့ နှစ်ဦးသားကို ဒီထက်ပိုပြီး
ရင်းနှီးစေချင်သည်မှာအမှန်။

____



အလင်္ကာတို့အဖွဲ့ သည် Khant Groupနဲ့တွေ့ဆုံ
ရန် အထက်မှစေလွှတ်ခံရသည်။သူတို့ လေးယောက်၏ ပထမဆုံးအတွေ့အကြုံဖြစ်သည်မို့ စိတ်လှုပ်ရှားနေကြသည်။Khant Groupက
အလင်္ကာ အလုပ်လုပ်နေတဲ့ company ကို
(သိန်း ****)ရင်းနှီးမြှုပ်နှံပေးမယ်တဲ့လေ။

မောင့်အလင်္ကာ (Own Creation)Where stories live. Discover now